ထိုင်းဝန်ကြီးချုပ်ကို အလွန်ကြည့်ကောင်းသူဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ချီးကျူး

ထိုင်းဝန်ကြီးချုပ်ကို အလွန်ကြည့်ကောင်းသူဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ချီးကျူး
Published 24 April 2026

ထိုင်းဝန်ကြီးချုပ် အနုတင်က ဧပြီ ၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား အစိုးရအဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေရန် ဆွေးနွေးခဲ့ကြပြီး ခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန် နောက်ပြောင်ပြောဆိုမှုများကြောင့် ပိုမိုသက်ဝင်လှုပ်ရှားခဲ့သည်။

ထိုင်းပြည်ထဲရေးဝန်ကြီးအဖြစ်ပါ တာဝန်ယူထားသည့် ဝန်ကြီးချုပ်အနုတင်က နိုင်ငံခြားရေးဝန်ကြီး ၊ ဘဏ္ဍာရေးဝန်ကြီးတို့နှင့်အတူ နံနက် ၁၁ နာရီတွင် ဝမ်ယိနှင့်အဖွဲ့အား Thai Khu Fah အဆောက်အအုံတွင် နွေးထွေးစွာ ကြိုဆိုခဲ့သည်။

ခေါင်းဆောင်နှစ်ဦး နှုတ်ဆက်ကြရင်း ဝမ်ယိက အနုတင်အား "ခင်ဗျားက ​ အတော်ကြည့်​ကောင်းတာပဲ" ဟု တရုတ်စကားဖြင့် ချီးကျူးလိုက်ရာ အနုတင်ကလည်း "ခင်ဗျားက ကျွန်တော့်ထက် ပိုလို့တောင် ကြည့်ကောင်းပါသေးတယ်" ဟု ပြုံးရွှင်စွာ ပြန်​ပြောလိုက်သဖြင့် နှစ်ဦးသား ရယ်မောခဲ့ကြသည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် အမှတ်တရဓာတ်ပုံများရိုက်ကူးပြီး ဒုတိယထပ် ဧည့်ခန်းမ၌ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုတိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများကို တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

တစ်နာရီကြာ ဆွေးနွေးအပြီးတွင် အနုတင်က ဝမ်ယိအား ထိုင်းအစိုးရမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ ကိုယ်တိုင်ကိုယ်ကျ EV ကားကိုမောင်းနှင်ကာ ပို့ဆောင်ပေးခဲ့သည်။ ဧည့်ခံပွဲတွင် ထိုင်းနိုင်ငံ၏နာမည်ကျော် ဒူးရင်းသီးနှင့် အချိုပွဲများအပါအဝင် ရိုးရာစာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

Ref: & Photo: Khaosod English

Most Read

Most Recent