အိန္ဒိယသမုဒ္ဒရာကြမ်းပြင်တွင် ကမ္ဘာ့အကြီးဆုံး ဝေလငါးသချႋုင်းကို ရှာဖွေတွေ့ရှိ

အိန္ဒိယသမုဒ္ဒရာကြမ်းပြင်တွင် ကမ္ဘာ့အကြီးဆုံး ဝေလငါးသချႋုင်းကို ရှာဖွေတွေ့ရှိ
Published 11 June 2026
Ref: AFP

တရုတ်သိပ္ပံပညာရှင်များသည် အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်တွင် ကမ္ဘာ့အကြီးဆုံး ဝေလငါးသချႋုင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါအရိုးစုများနှင့် ဝေလငါးအလောင်းများ တည်ရှိနေသည့် နေရာသည် ရေနက်ပိုင်း သက်ရှိကမ္ဘာအတွက် အမှီသဟဲပြုရာ နေရာတစ်ခုဖြစ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဇွန် ၁၀ ရက်က Nature သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည့် သုတေသနရလဒ်အရ ယင်းနေရာသည် ကမ္ဘာပေါ်တွင် အနက်ဆုံးနှင့် သက်တမ်းအရှည်ဆုံးအဖြစ် လူသိများသည့် ဝေလငါးသချႋုင်းကြီးဖြစ်ပြီး အချို့ ကျောက်ဖြစ်ရုပ်ကြွင်းများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ ဒသမ ၃ သန်းခန့်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

တရုတ်သုတေသီများသည် အသေးစားရေငုပ်သင်္ဘောအတွင်းမှစူးစမ်းလေ့လာခဲ့ရာတွင် ဝေလငါးရုပ်အလောင်းများအနီးတွင် ကျက်စားနေကြသည့် ဆန်းပြားသော ရေနက်သတ္တဝါအများအပြားကို မြင်တွေ့ခဲ့ရပြီး ယင်းတို့အနက် အများစုမှာ သိပ္ပံလောကအတွက် မျိုးစိတ်အသစ်များ ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

ဩစတြေးလျနိုင်ငံ အနောက်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာအတွင်း ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပြီး ရေအနက် မီတာ ၇၀၀၀ အထိရှိသော အဆိုပါ ဝေလငါးသချႋုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည့် အရိုးစုပေါင်း ၅၀၀ နီးပါးအနက် ယခုအခါ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ဝေလငါးမျိုးစိတ်အသစ်တစ်ခုကိုလည်း ခွဲခြားသတ်မှတ်နိုင်ခဲ့သည်။

 

Most Read

Most Recent