ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး

ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
Published 8 June 2026
Ref:AFP

ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ​ကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် လူခုနစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

ကက်ရှ်မီးယားတွင် စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် တောင်းဆိုနေသည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သော Joint Awami Action Committee (JAAC) ကို ဒေသန္တရအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများအောက်တွင် ပိတ်ပင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယင်းအဖွဲ့၏ ထောက်ခံသူများက ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ရာဝါလာကော့မြို့တွင် ယခုနောက်ဆုံးအကြိမ် ရုန်းရင်းဆန်းခတ်မှုများ ဖြစ်ပွားမှုအတွင်း အရပ်သား ၃ ဦး သေဆုံးပြီး လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထိပ်သီးအရာရှိ ဆာဒါ ဝါဟိဒ်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါ ဖြစ်စဉ်ကြောင့် ရဲအရာရှိ ၄ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ပြောကြားထားသည်။

ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၏ အကြီးဆုံးမြို့ဖြစ်သော မူဇာဖာရာဘတ်မြို့ရှိ JAAC အဖွဲ့၏ ဗဟိုရုံးချုပ်ကို ဇွန် ၇ ရက်က ချိတ်ပိတ်ခဲ့ပြီး လူစုလူဝေး မပြုလုပ်ရန် ပိတ်ပင်ချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

Most Read

Most Recent