ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သယ်ယူရာတွင် ငွေမတရားတောင်းခံခြင်းများ လျော့နည်း ပပျောက်စေရန် စီစဉ်ထားဟု ဆို

ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သယ်ယူရာတွင် ငွေမတရားတောင်းခံခြင်းများ လျော့နည်း ပပျောက်စေရန် စီစဉ်ထားဟု ဆို
Published 5 June 2026

ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သယ်ယူရာတွင် ငွေမတရားတောင်းခံခြင်းများ လျော့နည်းပပျောက်စေရန် စီစဉ်ထားဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သတင်းထုတ်ပြန်သည်။

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သက်ဆိုင်ရာ သုသာန်၊ ရပ်နီးရပ်ဝေး သို့ သင့်တင့်မျှတသော စရိတ်ဖြင့် သယ်ဆောင်နိုင်ရေး စစ်မှန်သော ပရဟိတအဖွဲ့များ၏ အကူအညီရရှိရေး၊ အကျိုးအမြတ်အတွက်ရည်ရွယ်သော ပရဟိတ taxi များ၊ ကျင့်ဝတ်မညီသော ambulance များအား ကြီးကြပ်ရေးနှင့် မတရားငွေတောင်းခံခြင်းများ လျော့နည်းပပျောက်ရေးတို့အတွက် စီစဉ်ထားခြင်းဖြစ်သည်။

ဇွန် ၁ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များ (၅၅) ဦးခန့်တို့နှင့် တွေ့ဆုံအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တဆင့် Dead Body တင်ယာဉ်နှင့် လူနာတင်ယာဉ်များအခမဲ့(သို့မဟုတ်) သင့်တင့်သည့် ဈေးနှုန်း ဖြင့် ပို့ဆောင်စေရေးတက်ရောက်လာသည့် ပရဟိတအသင်းအဖွဲ့များမှ ပါဝင်ကူညီပါကကူညီပေးမည့် ပရဟိတအသင်း၊ ဆက်သွယ်ရမည့်အသင်းအမည်၊ ပုဂ္ဂိုလ် ၊ဖုန်းနံပါတ်တို့အား ဆေးရုံကြီး၌ ဗွီနိုင်းဖြင့် ကပ်ထားနိုင်ရေးညှိနှိုင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ရန်ကုန်ဆေးရုံကြီးက ဆိုသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့၌  မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်ပေါက်ရှေ့၌  ပြင်ပ Ambulance ယာဉ်များ အကြောင်းမဲ့အချိန်ကြာမြင့်စွာ ရပ်နားထားမှုမရှိစေရေး၊ Ambulance ယာဉ်များမှ အသင်းအဖွဲ့များ မှတ်ပုံတင်ဆောင်ရွက်ထားခြင်း ရှိ/မရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ပုံမှန်ကြီးကြပ်ပေးနိုင်ရေး ဆေးရုံအထောက်အကူပြုအဖွဲ့တွင် အနီးကပ်ပူးပေါင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း

ယင်းကြောင့် ဇွန် ၈ ရက်မှစတင်ဖွင့်လှစ်မည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၂) ထပ် ရင်ခွဲရုံသစ်တွင် ကူညီပေးမည့် ပရဟိတအဖွဲ့များအား  မိဘပြည်သူများထံအသိပေးနှိုးဆော်ချက်ဆိုင်ဘုတ်တပ်ဆင်ထားခြင်း၊ ငွေတောင်းခံပါက တိုင်ကြားရန် vinyl များကပ်ထားခြင်း၊ ဝန်ထမ်းများရင်ဘတ်တွင် အမည်ရာထူးတံဆိပ်များတပ်ထားစေခြင်း၊ ဝန်ထမ်းလေးဦးအားဌာနပြောင်းရွှေ့ထားခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်ဆေးရုံကြီးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent