အင်ဒိုနီးရှားအရှေ့ပိုင်းရှိ ဖလိုရက်စ်ကျွန်းပေါ်က မီးတောင်ပေါက်ကွဲသဖြင့် ဒေသတွင်းလေဆိပ်ကို ပိတ်ထားရ

အင်ဒိုနီးရှားအရှေ့ပိုင်းရှိ ဖလိုရက်စ်ကျွန်းပေါ်က မီးတောင်ပေါက်ကွဲသဖြင့် ဒေသတွင်းလေဆိပ်ကို ပိတ်ထားရ
Published 5 June 2026
Ref:AFP

အင်ဒိုနီးရှားနိုင်ငံ၏အရှေ့ပိုင်း၌ လှုပ်ရှားသက်ဝင်မှု မြင့်မားနေသော မီးတောင်တစ်လုံးသည် ဇွန် ၅ ရက်တွင် အကြိမ်ကြိမ်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ကောင်းကင်သို့ ပြာများကို မှုတ်ထုတ်ခဲ့သဖြင့် ဒေသတွင်း လေဆိပ်ကို ပိတ်ထားလိုက်ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖလိုရက်စ်ကျွန်းပေါ်က လေဝိုတိုဘီလာကီ-လာကီတောင်သည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မီးတောင်ပြာများကို လေထဲသို့ အမြင့် ၂ ဒသမ ၅ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့သည်ဟု အမျိုးသား မီးတောင်အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဇွန် ၅ ရက်တွင် ပေါက်ကွဲမှုအချို့ဖြစ်ပွားခဲ့ပြီးနောက် မီးတောင်ပေါက်ကွဲခြင်းဖြစ်သည်။ လေဝိုတို ဘီလာကီ-လာကီသည် မီးတောင်သက်ဝင် လှုပ်ရှားမှုတို့အတွက် အင်ဒိုနီးရှား၏ဒုတိယအမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားရသော တောင်ဖြစ်ပြီး မီးတောင်ဝမှ ငါးကီလိုမီတာအတွင်း မဝင်ရဇုန်အဖြစ် သတ်မှတ်ထားသည်။

မိုးသည်းထန်ခဲ့ပါမူ မြစ်ချောင်းများအနီး နေထိုင်ကြသော ပြည်သူများသည် အန္တရာယ်ရှိသော မီးတောင်ချော်ရည်များ မျောလာသည့်အနေအထားအတွက် သတိပြုကြရန် မီးတောင်အေဂျင်စီက သတိပေးထားသည်။

အာဏာပိုင်များက အဆိုပါမီးတောင်နှင့် ကီလိုမီတာ ၆၀ ခန့်ဝေးသောနေရာတွင် ရှိသည့် မော်မဲရားမြို့ရှိ လေဆိပ်၌ လုပ်ငန်းများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားသည်။

 

Most Read

Most Recent