ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ စိတ်ဝင်စားနေတဲ့ ကမ်ဘီယာဆိုအတွက် ဂျူဗင်တပ်စ် ယူရိုသန်း(၃၀) အလိုရှိ

ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ စိတ်ဝင်စားနေတဲ့ ကမ်ဘီယာဆိုအတွက် ဂျူဗင်တပ်စ် ယူရိုသန်း(၃၀) အလိုရှိ
Photo: X
Photo: X
Published 5 June 2026

ဂျူဗင်တပ်စ်အသင်းက ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အီတလီနောက်ခံလူ ကမ်ဘီယာဆိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) အလိုရှိနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် ဒီနွေမှာ ကစားသမားအတော်များများကို ရောင်းထုတ်ရဖွယ်ရှိနေပြီး အဓိကကစားသမားဖြစ်တဲ့ ကမ်ဘီယာဆိုလည်း ပါဝင်နေတာပါ။

ကမ်ဘီယာဆို(၂၆ နှစ်)က ၂၀၂၂ နွေရာသီမှာ ဂျီနိုအာကနေ ဂျူဗင်တပ်စ်ကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာ ဘိုလော့ဂ်နာအသင်းထံ အငှားချခံခဲ့ရပေမဲ့ ၂၀၂၃-၂၄ ရာသီကစပြီး ဂျူဗင်တပ်စ်အသင်းရဲ့ အမာခံကစားသမားဖြစ်လာတာပါ။

ဒါကြောင့် ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းက ကမ်ဘီယာဆိုကို ထိန်းထားနိုင်ဖို့မလွယ်ပေမဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ရမှ လက်လွှတ်ဖွယ်ရှိကြောင်း သိရပါတယ်။

အီတလီလက်ရွေးစင်အသင်းအတွက် (၁၉)ပွဲကစားထားပြီး ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၃၂)ပွဲကစားထားတဲ့ ကမ်ဘီယာဆိုက ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent