■ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အပ်နှံသော ကျောင်းသား ကျောင်းသူပေါင်း ငါးသိန်းခြောက်သောင်းကျော်ရှိ

■ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အပ်နှံသော ကျောင်းသား ကျောင်းသူပေါင်း ငါးသိန်းခြောက်သောင်းကျော်ရှိ
Published 2 June 2026

ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အပ်နှံသော ကျောင်းသား ကျောင်းသူပေါင်း ငါးသိန်းခြောက်သောင်းကျော်ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးရုံးထံမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူပေါင်း ၂၃၀၃၂၃ ဦး၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၉၈၆၃၈ ဦး၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၂၁၃၀၇ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) စာရင်းချုပ် စုစုပေါင်း ၃၅၀၂၆၈ ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ကျောင်းအပ်နှံသူ ဦးရေပေါင်း ၁၂၁၀၄၇ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းအပ်နှံသူ ဦးရေပေါင်း ၈၉၂၀၄ ဦးရှိကြောင်း သိရသည်။

ရှမ်း (တောင်) ၊ ရှမ်း (မြောက်)၊ ရှမ်း (ရှေ့) တို့တွင် ကျောင်းအပ်သူဦးရေပေါင်း စာရင်းချုပ် စုစုပေါင်း ၅၆၀၅၁၉ ဦးရှိကြောင်း သိရသည်။

ယခင်နှစ် ၂၀၂၅ ခုနှစ် စာရင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ကျောင်းအပ်နှံသူဦးရေ တိုးတက်လာကြောင်းကိုလည်း သိရသည်။ ယခင် ၂၀၂၅ ခုနှစ် ဇွန် ၃ ရက်စာရင်းအရ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး စုစုပေါင်း ကျောင်းအပ်နှံသူ ဦးရေပေါင်း ၅၃၄၅၃၁ ဦးရှိကြောင်း သိရသည်။

 

Most Read

Most Recent