■ အားကောင်းနိုင်သော အယ်နီညိုက လာမည့်လများတွင် ကမ္ဘာ့အပူချိန်များကို မြင့်တက်စေနိုင်ပြီး ပြင်းထန်မိုးလေဝသအန္တရာယ်ကို မြင့်တက်လာစေနိုင်သည်ဟု WMO ခန့်မှန်း

■ အားကောင်းနိုင်သော အယ်နီညိုက လာမည့်လများတွင် ကမ္ဘာ့အပူချိန်များကို မြင့်တက်စေနိုင်ပြီး ပြင်းထန်မိုးလေဝသအန္တရာယ်ကို မြင့်တက်လာစေနိုင်သည်ဟု WMO ခန့်မှန်း
Published 2 June 2026

ဇွန် ၂ ရက်တွင် ကုလသမဂ္ဂမိုးလေဝသအေဂျင်စီက ခန့်မှန်းခဲ့ရာ၌ အသင့်အတင့် အားကောင်းသော အယ်နီညို သို့မဟုတ် အားကောင်းဖွယ်ရာရှိသော အယ်နီညိုက လာမည့်လများတွင် ကမ္ဘာ့အပူချိန်များကို မြင့်တက်စေနိုင်ပြီး ပြင်းထန်မိုးလေဝသအန္တရာယ်ကို မြင့်တက်လာစေနိုင်သည်ဟု ဖော်ပြခဲ့သည်။

အယ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် သမုဒ္ဒရာရေမျက်နှာပြင်အပူချိန် ရံဖန်ရံခါ ပူပြင်းမှုဖြစ်ပြီး ထုံစံအားဖြင့် ကိုးလမှ ၁၂ လ ကြာတတ်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့က အားကောင်းနိုင်တဲ့ အယ်နီညိုအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ အယ်နီညိုဟာ မိုးခေါင်တာ၊ မိုးများတာတို့ကို အခြေအနေပိုဆိုးစေပါလိမ့်မယ်။ ကုန်းမြေနဲ့ သမုဒ္ဒရာတို့မှာ အပူလှိုင်းတွေရဲ့အန္တရာယ်တွေကို မြင့်တက်စေပါလိမ့်မယ်” ဟု WMO အတွင်းရေးမှူးချုပ် ဆယ်လက်စ တီဆောလိုက ပြောကြားခဲ့သည်။

အနီးဆုံး အယ်နီညိုသည် ၂၀၂၃-၂၀၂၄ တွင် ဖြစ်ပေါ်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်သွားခဲ့သည်ဟု ဆောလိုက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: Reuters

PHO: AFP

 

Most Read

Most Recent