ပြင်သစ်နောက်ခံလူ ကိုနာတေးနဲ့ လမ်းခွဲတော့မယ်လို့ လီဗာပူးလ်အသင်း အတည်ပြုကြေညာ

ပြင်သစ်နောက်ခံလူ ကိုနာတေးနဲ့ လမ်းခွဲတော့မယ်လို့ လီဗာပူးလ်အသင်း အတည်ပြုကြေညာ
Photo: X
Photo: X
Published 1 June 2026

လီဗာပူးလ်အသင်းက ပြင်သစ်နောက်ခံလူ ကိုနာတေးနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ကိုနာတေးက လီဗာပူးလ်အသင်းနဲ့ ဇွန်လကုန်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ချိန်မှာ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

ကိုနာတေး(၂၇ နှစ်)ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက လမ်းခွဲတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ကိုနာတေးကို ၂၀၂၁ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင်(၃၆)သန်းနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

ကိုနာတေးက ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးမှု အဆင်မပြေခဲ့တဲ့အတွက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကိုနာတေးက လူမှုကွန်ရက်ကတစ်ဆင့် ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ရာမှာ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက ဘဝတစ်လျှောက်လုံး ဆက်ရှိသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သလို၊ အခုလို လမ်းခွဲရမယ်ဆိုတာ နောက်ဆုံးပွဲစဉ် ကစားခဲ့ချိန်အထိ မသိရှိခဲ့တာကြောင့် ပရိသတ်တွေကို နှုတ်မဆက်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကိုနာတေးကို လက်ရှိအချိန်မှာ ဆော်ဒီကလပ်နှစ်သင်းက ကမ်းလှမ်းမှုပြုလုပ်ထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent