မြဝတီမြို့ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းနှင့် အခြား ​ကျောင်းများတွင် ​ ကျောင်းအပ်နှံ​ရေး​နေ့ အခမ်းအနား ပြုလုပ်

မြဝတီမြို့ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းနှင့် အခြား ​ကျောင်းများတွင် ​ ကျောင်းအပ်နှံ​ရေး​နေ့ အခမ်းအနား ပြုလုပ်
Published 27 May 2026

ကရင်ပြည်နယ်၊မြဝတီ မြို့ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းနှင့် အခြား ​ကျောင်းများတွင် ​မေလ၂၇ ရက်​နေ့ ​နံနက်က ကျောင်းအပ်နှံ​ရေး​နေ့ အခမ်းအနားနှင့် ပညာ​ရေး​ထောက်ပံ့​ရေး ပစ္စည်း ​ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြဝတီခရိုင်စီမံအုပ်ချုပ်​ရေး​အဖွဲ့ ဥက္ကဋ္ဌ ဦး​ကောင်းစံလင်း၊မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အဆင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊မြို့မိမြို့ဖ ဦးသန်း​ရွှေနှင့်အဖွဲ့ ၊ ပညာ​ရေးဝန်ထမ်းဆရာ၊ဆရာမများ၊​ကျောင်းသူ​ကျောင်းသားများတက်​ရောက်ခဲ့ကြသည်။

​ရှေ့ဦးစွာ ​ကျောင်းသူ​ကျောင်းသားများ၏ ​တေသရုပ်​ဖော်အက အလှများဖြင့်​ဧည့်ခံ ​ဖျော်​ဖြေ ပြီး​နောက်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦ​ကောင်းစံလင်းက အဖွင့်အမှာစကား​ပြောကြားရာတွင်"မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်များကို အ​ကောင်အထည်​ဖော်​ဆောင်နိုင်မယ့် လူ​တော်လူ​ကောင်းများ ဖြစ်လာဖို့အတွက် လိုအပ်ပါတယ်။နိုင်ငံ​တော်ရဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်​ရေးအတွက် စာသင်​ကျောင်းများရဲ့ အတန်းပညာမှတဆင့် အတတ်ပညာ အသိပညာများကို ပိုမိုပြည့်စုံ​အောင် ​ဖော်​ဆောင်​ပေးနိုင်မှာဖြစ်တဲ့အတွက် ​ကျောင်း​နေအရွယ်က​လေးများအားလုံးစာသင်​ကျောင်းသို့​ရောက်ရှိပြီးပညာသင်ကြားနိုင်​ရေးလူတိုင်းက ၀ိုင်ဝန်းကြိုးပန်း​ဆောင်ရွက်​ပေးဖို့တိုက်တွန်းလိုပါတယ်"ဟု​ထည့်သွင်း ပြောကြားခဲ့သည်။

ထို့​နောက် Grade 1မှ Grade 12 ထိ ​ပညာသင်ကြား​နေ​သော ​ကျောင်းသူ​ကျောင်းသားများအား သင်​ထောက်ကူပစ္စည်း​ပေးအပ်ခြင်း၊ ပညာ​ရေးအ​ထောက်အပံ့ အဖြစ်လှူဒါန့်သည့်အလှူရှင်များအား သက်ဆိုင်ရာတာဝန်ရှိသုများက ဂုဏ်ပြုလက်မှတ်များ ပြန်လည်ချီး​​မြှောက်​ပေးအပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် စစ်​ရေးပဋိပက္ခ​ကြောင့် တစ်နှစ်​ကျော်ပိတ်ထားခဲ့ရပြီး စစ်ဒဏ်​ကြောင့်ပျက်စီးခဲ့ရ​သော​ သဃ်ညီ​နောင်​ အထက်တန်း ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်​ရေးအတွက် ကျောင်း၏ အမိုး၊အလူမီနီယံတံခါး၊ဆိုလာမီးစနစ်၊မျက်နှာကြက်များ ၊စာ​ရေးခုံ များ လိုအပ်ချက်များအတွက်ဦး​စောချစ်သူနှင့်ဇနီး​ဒေါိနန်ခင်လှသူ မိသားစုကျပ်သိန်း​ပေါင်း ၂၄၀၀ လှူဒါန်းခဲ့​ ​ကြောင်းသိရသည်။

မြဝတီမြို့နယ်ပညာ​ရေးမှူး ဦးမိုး​ကျော်က ​လည်း ​ကျေးဇူတင်စကား ​ပြောကြားရာတွင် မြဝတီခရိုင်အတွင်းမှာ ပိတ်ထားရသည့်​စာသင် ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်သည့်အတွက် ဝမ်းသာ​ကြောင်းနှင့်

ပညာ​ရေး​စေတနာရှင့်များ၏ဝိုင်းဝန်းကြိုးပန်းမှု​ကြောင့် ဖြစ်သည်ဟု ​ပြောကြားခဲ့ပြီး​နောက် အထက၂ ​ကျောင်းသူ​ကျောင်းသားများက ဇာတိမာန်သီချင်းဖြင့် နှုတ်ဆက်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

Most Read

Most Recent