မြဝတီမြို့နယ် ​​တောင်ဘက် ကျောက်ဂူဖား​အောက်​တောရ နန်းမြင့်ဈန်မြိုင် သာသနာ့နယ်​မြေတွင် သဲပုံ​စေတီတည်ပြီး ငြိမ်းချမ်း​ရေးဆု​တောင်းပွဲ ပြုလုပ်

မြဝတီမြို့နယ် ​​တောင်ဘက် ကျောက်ဂူဖား​အောက်​တောရ နန်းမြင့်ဈန်မြိုင် သာသနာ့နယ်​မြေတွင် သဲပုံ​စေတီတည်ပြီး ငြိမ်းချမ်း​ရေးဆု​တောင်းပွဲ ပြုလုပ်
Published 25 May 2026

ကရင်ပြည်နယ် မြဝတီမြို့နယ် ​​တောင်ဘက် ​ကျောက်ဂူ ဖား​အောက်​တောရ ၊နန်းမြင့်ဈန်မြိုင် သာသနာ့ နယ်​မြေတွင် ​မေလ ၂၅ ရက်​နေ့ နံနက်က သဲပုံ​စေတီ တည် ပြီးငြိမ်းချမ်း​ရေးဆု​တောင်းပွဲ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ငြိမ်းချမ်း​ရေးဆု​တောင်းပွဲကို ကရင်ပြည်နယ် နယ်ခြား​စောင့်တပ် အမှတ်(၄)တပ်နယ်မှူး ဗိုလ်မူးချုပ်​စောမုတ်သုန်နှင့် ကရင်တိုင်းရင်းသားများ တက်​ရောက်ခဲ့ ကြပြီး ​ဒေသတွင်းငြိမ်းချမ်း​ရေး၊ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်း​ရေးနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်း​ရေးအတွက်ဆု ​တောင်းခဲ့ကြသည်ဟုဆိုသည်။

​ရှေ့ဦးစွာ သဲပုံ​စေတီ​အား ထီး​တော်တင်ရန်အတွက် ထီး​တော်၊ငှင်မြတ်နား၊တံခွန်တိုင်တို့ကို ​စေတီ​တော်အား သုံးပတ် ပတ်၍လှည့်လည်ပူ​ဇော်ခြင်း၊ထီး​တော်တင်ခြင်း၊တံခွန်တိုင်စိုက်ခြင်းများအား ​ဆောင်ရွက်ကာ ဆစာ​တော်သံဃာ​တော်များက အ​နေကဇာတင် ပူ​ဇော်ခဲ့ပြီး​နောက် ငြိမ်းချမ်း​ရေးအတွက်ဆု​တောင်းခဲ့ကြသည်။

သဲပုံ​စေတီတည်ပြီး ဆု​တောင်းပွဲပြုလုပ်သည့် ယဉ်​ကျေးမှုသည် ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့​ကြောင်း၊ ​​ပျောက်ကွယ်လုနီးပါးဖြစ်​လာသည့် ယဉ်​ကျေးမှုတစ်ခုကို ပြန်လည်​ဖော်ထုတ်လိုက်သည့်အတွက် ​ကျေးဇူးအထူးတင်ပါ​ကြောင်း ဆရာ​တော်ဘုရားက​ မိန့်ကြားခဲ့သည်။

မြတ်စွာဘုရားလက်ထက် ပုလိနထူပီယ မထေရ်သည်(၇)နှစ်အရွယ်ငယ်ငယ် ရဟန္တာဖြစ်သည်။ သာဝတ္ထိမြို့၌ မိဘနှစ်ပါးသည် ဘုရားကို နေ့စဉ်နေ့တိုင်း ဝတ်တက်ဝတ်ကပ် ပြုသည်ကိုမြင်၍ မိမိ၏ရှေးဘဝပေါင်းများစွာက သဲပုံစေတီတည်၍ ဘုရားဂုဏ်ကို ပွားများလျက် နေ့စဉ် မှန်မှန် ဝတ်တက်ဝတ်ကပ်ရေချမ်း ပန်းဆီးမီးများ ပူဇော်ခဲ့သည်ကို ပြန်လည်အောက်မေ့မိစဉ်မှာပင် အာသေဝါကုန်ခန်း၍ ရဟန္တာမထေရ် ဖြစ်သွားပေသည်။

​စေတီများတွင် ပရိဘောဂစေတီ=ဘုရားရှင်အသုံးပြုသော ပရိက္ခရာအသုံးအဆောင်များနှင့်နေထိုင်ရာ ဗောဓိပင်။ ဥဒ္ဒိဿကစေတီ=ဘုရားကိုယ်စား ရုပ်ပွားဆင်းတုတော်များ။ဓာတုစေတီ=ဘုရားရှင်ဓာတ်တော်များ ဌာပနာ၍ တည်ထားသောစေတီ။ဓမ္မစေတီ=ဘုရားရှင်ဟောကြားခဲ့သော ပဋိစ္စသမုပ္ပါဒ်စသော ပိဋကတ်စာပေများကို ထည့်သွင်းဌာပနာ၍ တည်ထားသော စေတီ။ (ပိဋကတ် သုံးပုံကျမ်းများ ပူဇော်မှုလည်း ဓမ္မစေတီပူဇော်ခြင်း ဖြစ်သည်။) ဟူ၍ စေတီလေးမျိုးရှိသည်။

Most Read

Most Recent