အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ် လမ်းအပိုင်း မိုင် (၃၄/၀ - ၃၄/၃) အတွင်း ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းများ ဆောင်ရွက်

အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ် လမ်းအပိုင်း မိုင် (၃၄/၀ - ၃၄/၃) အတွင်း ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းများ ဆောင်ရွက်
Published 25 May 2026

အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ် လမ်းအပိုင်း မိုင် (၃၄/၀ - ၃၄/၃) အတွင်း ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

မေ ၂၂ ရက်က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်း အဝင်လမ်းလမ်းသစ်ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်၍ Oriental Highway Co.,Ltd. က ဆောင်ရွက်လျက်ရှိသည့် အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ် လမ်းအပိုင်း မိုင် (၃၄/၀ - ၃၄/၃) အတွင်း ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent