မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 22 May 2026

မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မေ ၁၈ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၇(A) x ၆၈(C)ကြား၊ ၃၈ x ၃၉ လမ်းကြား၊ အောင်သပြေလမ်းနေ သက်နိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၀.၄၄ ကီလို(ခန့်မှန်းကျပ်သိန်း ၂,၆၁၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ နေတက် အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၃ x ၅၄ လမ်းကြား၊ ၁၁၂(F)လမ်းရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေတက် အားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၆.၅ ကီလို(ခန့်မှန်းကျပ် ၁၆၂.၅ သိန်း)နှင့် ဘိန်းစိမ်း အလေးချိန် ၂ ကီလို(ခန့်မှန်းကျပ် ၁၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်နိုင်(၃၆)နှစ်နှင့် နေတက် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent