မေလ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြို့ရှစ်မြို့တွင် နှစ်ပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မေလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေဖြင့် ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၂ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပြီး ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်း လာနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၂ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၂ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁ ပေခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေခန့်စီ၊ တိုးမြစ်ရေ သည် မအူပင်မြို့တွင် ၁ ပေခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပြီး ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။















