■ မ​လေးရှားနိုင်ငံခြား​​ရေးဝန်ကြီး ​နေပြည်​တော်သို့ ​နေ့ချင်းပြန်လာ​ရောက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ကျင်းပ

■ မ​လေးရှားနိုင်ငံခြား​​ရေးဝန်ကြီး ​နေပြည်​တော်သို့ ​နေ့ချင်းပြန်လာ​ရောက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ကျင်းပ
Published 20 May 2026

မ​လေးရှားနိုင်ငံခြား​​ရေးဝန်ကြီး ​နေပြည်​တော်သို့ ​နေ့ချင်းပြန်လာ​ရောက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲကို ​မေ ၁၉ ရက်က ကျင်းပခဲ့​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ​မေ ၁၉ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ​နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့​ကြောင်း သိရသည်။

 

ထို့​နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ် ရောက်ရှိလာသည့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဒါတို ဆရီ ဥတမ ဟာဂျီ မိုဟာမက် ဘင် ဟာဂျီ ဟာဆန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် မေ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး MGallery Hotel ၌ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့​ကြောင်း သိရသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် မလေးရှား နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့​ကြောင်း သိရသည်။

 

ထို့အပြင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့​ကြောင်း သိရသည်။

မ​​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး ဦး​ဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ​မေ ၁၉ ရက်ညနေပိုင်းတွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့​ကြောင်း သိရသည်။

 

Most Read

Most Recent