အသက် ၈၅ နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များကို လူမှုရေးပင်စင် ထောက်ပံ့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
၁၉၄၁ ခုနှစ် ဧပြီ ၁ ရက် (၁၃၀၂ ခုနှစ်၊ ဦးတန်ခူးလဆန်း ၆ ရက်) မတိုင်မီ မွေးဖွားခဲ့သည့် အသက် ၈၅ နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ မေ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများအား သုံးလပတ် နှစ်ကြိမ် ခြောက်လစာ ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်မှစတင်ပြီး ဖုန်းသို့ ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်ပါ၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားပါရန် အသိပေးနှိုးဆော်အပ်ကြောင်း သိရသည်ည။
ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566 ၊ 09-889900033 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။















