ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်မှုများကြောင့် သေဆုံးသူ ၈၀ ကျော်ရှိလာချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် မေ ၁၇ ရက်တွင် ကြေညာခဲ့သည်။
အီဘိုလာကူးစက်ရောဂါသည် သေဆုံးမှုနှုန်း အလွန်မြင့်မားပြီး ကာကွယ်ဆေး သို့မ ဟုတ် သီးခြားကုသဆေး မရှိသေးကြောင်း အီအာကွန်ဂိုနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးက မေ ၁၆ ရက်တွင် သတိပေးပြောကြားခဲ့ပြီး နောက် WHO ၏ အရေးပေါ်ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC ) ၏ မေ ၁၆ ရက်နောက်ဆုံးရထုတ်ပြန်ချက်အရ အလွန်ကူးစက်လွယ်သော ယခုအီဘိုလာ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၈၈ ဦးရှိလာပြီး သံသယလူနာ ၃၃၆ ဦးအထိ ရှိ လာကြောင်း သိရသည်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ကလည်း ကူးစက်ရောဂါ အလျင်အမြန် ပျံ့နှံ့နေမှုသည် အလွန်စိုးရိမ်စရာကောင်းသည်ဟုဆိုကာ အကြီးစား တုံ့ပြန်ဆောင်ရွက်မှုအတွက် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
Ref: AFP















