ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် အသည်းရောင်အသားဝါ စီ (Hepatitis C clinic) ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကုသပေးနေကြောင်း Yangon General Hospital မှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် အပတ်စဉ်သောကြာနေ့တိုင်း နေ့လယ် ၁ နာရီမှ ၄ နာရီအထိ အသည်းရောင်အသားဝါ စီ (Hepatitis C clinic) ဆေးခန်းအား ဖွင့်လှစ်ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
ကုသရာတွင် အသည်းရောင်အသားဝါ စီ ပိုး ရှိပြီးသားလူနာများအား ပိုးကောင်ရေ (viral load) အခမဲ့ စစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ စီ ဆေး (Antiviral) ဖြင့် အခမဲ့ ကုသပေးခြင်းနှင့် ဆေးကုသမှုပြီးဆုံးပါက သုံးလအကြာတွင် အောင်မြင်မှု ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်း အစရှိသည့် စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း Yangon General Hospital မှ သိရသည်။
အလားတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် ပုံမှန်ကုသပေးလျက်ရှိသော အထွေထွေရောဂါကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးတိုးဆီးချိုရောဂါကုသခြင်း၊ ဦးနှောက်အာရုံကြောဆေးကု၊ ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါကုသခြင်း၊ မျက်နှာမေးရိုး၊ သွားနှင့်ခံတွင်းရောဂါကုသခြင်း၊ အရိုးရောဂါ ကုသပေးခြင်း၊အရေပြားရောဂါကုသခြင်း၊ စိတ်ကျန်းမာရေးကုသပေးခြင်းများကိုလည်း အပတ်စဉ်သောကြာနေ့ နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ကုသပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း မီးပျက်လျှင် Gas Turbine အချို့အား သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ လျှပ်စစ်ဓာတ်အားရရှိရန် ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ ကြေညာချက်အရ သိရသည်။















