ပဲခူးတိုင်း ဥသျှစ်ပင်မြို့တွင် ဆောက်လုပ်ဆဲ အုပ်ညှပ် နှစ်ထပ်နေအိမ်ရှိ စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီးတစ်ဦး ပိမိပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငဲမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာရှိ အုပ်ညှပ် နှစ်ထပ်နေအိမ်တွင် စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီးတစ်ဦး စလက်ပြားပိ၍ ပိတ်မိနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ ပန်းတောင်းမြို့နယ်မီးသတ်စခန်းနှင့် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် စလက်ပြားပိမိသူ အမျိုးသမီး တစ်ဦးမှာ သေဆုံးခဲ့သည့်အတွက် အေးသုခပရဟိတအသင်းမှယာဉ်ဖြင့် ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငဲမီးသတ်တပ်ဖွဲ့မှ သိရသည်။
■ Photo- MFSD















