ဘင်ဖီကာအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား ပရီစတီယန်နီရဲ့ပွဲပယ်ပြစ်ဒဏ်ကို ကမ္ဘာ့ဖလားပွဲစဉ်တွေမှာပါ သက်ရောက်မှုရှိစေဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က မေ ၆ ရက်မှာ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ပရီစတီယန်နီဟာ ဖေဖော်ဝါရီလအတွင်း ရီးယဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘရာဇီးတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့ အချင်းများစဉ် ပါးစပ်ကို အကျႌနဲ့အုပ်ပြီး ပြောခဲ့တာကြောင့် စွဲချက်တင်ခံခဲ့ရပါတယ်။
ကနဦးမှာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က လူမျိုးရေးခွဲခြားမှုနဲ့ စစ်ဆေးခဲ့ပေမဲ့ အဆုံးသတ်မှာတော့ လိင်တူချစ်သူဆိုင်ရာ စကားလုံးနဲ့ ပြောဆိုမှုကြောင့် ခြောက်ပွဲပယ်ပြစ်ဒဏ် (ဆိုင်းငံ့သုံးပွဲ) ချမှတ်ခဲ့ပါတယ်။
အခု FIFA ကပါ အဲဒီပြစ်ဒဏ်ကို ကမ္ဘာ့ဖလားပွဲစဉ်တွေမှာပါ သက်ရောက်မှုရှိစေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပရီစတီယန်နီအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံခဲ့ရရင် အုပ်စုအဖွင့်နှစ်ပွဲမှာ ပါဝင်ကစားခွင့်ရမှာမဟုတ်ကြောင်း သိရပါတယ်။















