တာဇစ်ကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း ဘီလ်ဘာအိုအသင်း ကြေညာ

တာဇစ်ကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း ဘီလ်ဘာအိုအသင်း ကြေညာ
Photo: X
Photo: X
Published 6 May 2026

လာလီဂါကလပ် ဘီလ်ဘာအိုအသင်းက ဒေါ့မွန်နည်းပြဟောင်း တာဇစ်ကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ဂျာမန်-ခရိုအေးရှားလူမျိုး တာဇစ်ဟာ ဒေါ့မွန်အသင်းကို ယာဂန်ကလော့ပ် ကိုင်တွယ်စဉ်က ဒေါ့မွန်အကယ်ဒမီရဲ့ ကင်းထောက်တစ်ဦး၊ လက်ထောက်နည်းပြတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့ဖူးပြီး ခရိုအေးရှားနည်းပြ ဘီလစ်ရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ဘက်ဆစ်တက်နဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ ဆောင်ရွက်ခဲ့ဖူးပါတယ်။

၂၀၂၀ ဒီဇင်ဘာမှာ ဒေါ့မွန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး (၆)လအကြာမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ပေမဲ့ ၂၀၂၂ နွေရာသီမှာ နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာ ဒေါ့မွန်အသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ တာဇစ်ကို ဘီလ်ဘာအိုအသင်းက ရာသီကုန်ရင် လမ်းခွဲတော့မယ့် နည်းပြ ဗယ်လ်ဗာဒီရဲ့နေရာမှာ အစားထိုးခန့်အပ်လိုက်တာပါ။

တာဇစ်ကို ဘီလ်ဘာအိုအသင်းက ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Most Read

Most Recent