အီရန်စစ်ပွဲကြောင့်အခက်အခဲကြုံနေရသော ပြည်သူများအတွက် ထိုင်းအစိုးရက ဒေါ်လာ ၁၂ ဒသမ ၂ ဘီလျံ ထုတ်ချေးမည်

အီရန်စစ်ပွဲကြောင့်အခက်အခဲကြုံနေရသော ပြည်သူများအတွက် ထိုင်းအစိုးရက ဒေါ်လာ ၁၂ ဒသမ ၂ ဘီလျံ ထုတ်ချေးမည်
Published 5 May 2026
Ref:AFP

ထိုင်းနိုင်ငံက အရှေ့အလယ်ပိုင်းစစ်ပွဲ၏ သက်ရောက်မှုများကို ကျားကန်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂ ဘီလျံရှိသော အရေးပေါ်ချေးငွေကို မေ ၅ ရက်တွင် အတည်ပြုခဲ့ရာ ယင်းသည် ဆယ်စုနှစ်များစွာအတွင်း ထိုင်း၏အကြီးမားဆုံးချေးငွေအစီအစဉ်တစ်ခုဖြစ်လာသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံ၏ဂျီဒီပီတိုးတက်မှုကိုလွန်ခဲ့သောနှစ်တုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်းမှ ယခု ၁ ဒသမ ၆ ရာခိုင်နှုန်းသို့ လွန်ခဲ့သောအပတ်တွင် လျှော့ချခန့်မှန်းလိုက်ခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး စီးပွားရေးတိုးတက်မှု နှေးကွေးသွားခြင်းတို့ကြောင့် အစိုးရအဖွဲ့က ပြည်တွင်းသုံးစွဲမှုကို မြှင့်တင်ရန်လည်းကောင်း၊ စီးပွားရေးအခက်အခဲများ ပြေလည်သွားစေရန်လည်းကောင်း ထိုငွေများကို အသုံးပြုမည်ဟု ပြောကြားခဲ့သည်။

ဘတ်ငွေဘီ လျံ ၄၀၀ ခန့်ရှိသော ချေးငွေကို ဇွန်လမှ စက်တင်ဘာအထိ ချပေးသွားမည်ဖြစ်ပြီး လူနေ မှုကုန်ကျစရိတ်များ သက်သာစေမည့် အစိုးရ၏ “ထိုင်းများက ထိုင်းများကို ကူညီ” ဟူသောအစီအမံအရ ဝင်ငွေနည်းပြည်သူသန်း ၂၀ အတွက် အကူအညီများ ပါဝင်မည်ဖြစ်သည်။ ယင်းငွေများကိုအစားထိုးစွမ်းအင် ပံ့ပိုးပေးရာတွင်လည်း အသုံးပြုမည်ဟု ဘဏ္ဍာရေးဝန်ကြီးက အက်နီတီနီသီသန်ပရာပက်စ်က အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent