ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဒမ်ဘီလီရွေးချယ်ခံရ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဒမ်ဘီလီရွေးချယ်ခံရ
Photo: X
Photo: X
Published 1 May 2026

PSG အသင်းရဲ့ တိုက်စစ်မှူး ဒမ်ဘီလီဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒမ်ဘီလီဟာ ဘိုင်ယန်မြူးနစ်အသင်းကို (၅-၄)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင်(၂)ဂိုးသွင်းယူခဲ့သလို၊ ဖန်တီးမှု (၁)ကြိမ်လည်း ပြုလုပ်ကာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ဒီရာသီ ချန်ပီယံလိဂ် League Phase အဆင့်မှာကတည်းက ပွဲစဉ်တစ်ခုချင်းအလိုက် အကောင်းဆုံးကစားသမားကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဒမ်ဘီလီက ဆီမီးဖိုင်နယ်ရောက်မှ ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

နှစ်ကြိမ်ရရှိဖူးတဲ့ ကစားသမားက ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေ တစ်ဦးတည်းသာရှိကြောင်းလည်း သိရပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ရဲ့ အကောင်းဆုံးအသင်းကိုလည်း UEFA က ရွေးချယ်ခဲ့ပြီး PSG အသင်းက ကစားသမား (၄)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက (၃)ဦးပါဝင်ခဲ့ပြီး အာဆင်နယ်နဲ့ အက်သလက်တီကိုအသင်းက (၂)ဦးစီ ပါဝင်ခဲ့ပါတယ်။

 

Most Read

Most Recent