တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မြန်မာနိုင်ငံသို့လာရောက်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ စသည့်နိုင်ငံသို့ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားသို့ ခရီးစဉ်ရောက်ရှိနေသည့်ကာလအတွင်း ဝမ်ရိသည် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့်အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းရေးယန္တရား ပထမအကြိမ်အစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၁ ရက်တွင် ကြေညာခဲ့ဟု Xinhua သတင်းဌာနက ဖော်ပြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ထားသည်။
လက်ရှိ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည်လည်း တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်ရန်ရှိကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
Ref.Xinhua















