■ ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီရေးအဖွဲ့ (YRO) ၏ နှစ်ဦးပရိတ်တရားတော်နာယူခြင်းနှင့် နှစ်ဦးရေသဘင်ပွဲတော်ပြုလုပ်

■ ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီရေးအဖွဲ့ (YRO) ၏ နှစ်ဦးပရိတ်တရားတော်နာယူခြင်းနှင့် နှစ်ဦးရေသဘင်ပွဲတော်ပြုလုပ်
Published 18 April 2026

ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီရေးအဖွဲ့ (YRO) ၏ နှစ်ဦးပရိတ်တရားတော်နာယူခြင်းနှင့် နှစ်ဦးရေသဘင်ပွဲတော်အား ဧပြီ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီရေးအဖွဲ့ (YRO) ၏ နှစ်ဦးပရိတ်တရားတော်နာယူခြင်းအစီအစဉ်တွင် YRO ၏ နာယကဆရာတော် ဥူးပညာသာမိ ဦးဆောင်သည့် ဆရာတော်ငါးပါးမှ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဆိုဖတ်ကြားတော်မူခဲ့ကြပြီး YRO အဖွဲ့ဝင်များမှ ကွယ်လွန်သွားကြများနှင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အမျှပေးဝေခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ YRO တပ်ဖွဲ့ဝင်တွေက သင်္ကြန်ကာလမှာ သက်ဆိုင်ရာ ဆေးရုံကြီးတွေမှာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြတယ်။ ပြီးတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ကူညီကယ်ဆယ်ရေးမှာ အဆင်သင့်ဖြစ်အောင် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ အဲ့တော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာ့ရိုးရာနဲ့အညီ နှစ်ဦးပရိတ်တရားတော်နာတယ်။ ပြီးတော့ တပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဦးရေသဘင်ပွဲတော်ကို ဆင်နွဲခဲ့တာပါ။ YRO နဲ့ အခြားမိတ်ဖက်အဖွဲ့တွေလည်း ပါပါတယ်။ တပ်ဖွဲ့ဝင်တွေနဲ့အတူ ရေကစားတာ၊ စတုဒီတာအလှူနဲ့ သီဆိုဖျော်ဖြေရေးတွေပါ ပြုလုပ်ခဲ့ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီရေးအဖွဲ့ (YRO) မှ ဒုတိယဥက္ကဋ္ဌ ဦးမိုးငြိမ်းက ပြောကြားသည်။

ယင်းနောက် စတုဒီတာအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီရေးအဖွဲ့(YRO)

 

Most Read

Most Recent