လီဗာပူးလ်နဲ့ပွဲမှာ ဖေးဘရိတ်ဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမကြီးဘဲ နှစ်သင်းစလုံးအတွက် ခက်ခဲမယ်လို့ အန်နရီကေး ပြောကြား

လီဗာပူးလ်နဲ့ပွဲမှာ ဖေးဘရိတ်ဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမကြီးဘဲ နှစ်သင်းစလုံးအတွက် ခက်ခဲမယ်လို့ အန်နရီကေး ပြောကြား
Photo: X
Photo: X
Published 8 April 2026

PSG နည်းပြ အန်နရီကေးက ဒီနေ့ည လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ ဖေးဘရိတ်ဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမကြီးဘဲ နှစ်သင်းစလုံးအတွက် ခက်ခဲမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ PSG အသင်းက အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရဖို့ အလားအလာပိုများတဲ့ ဖေးဘရိတ်အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါ့အပြင် ဒီရာသီမှာ လီဗာပူးလ်အသင်းက ရလဒ်တွေ ကျဆင်းနေတာကြောင့် လက်ရှိချန်ပီယံ PSG အသင်းက နောက်တစ်ဆင့်တက်ရောက်နိုင်မယ့် ဖေးဘရိတ်အသင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ဒီအတွက် အန်နရီကေးက ''လီဗာပူးလ်အကြောင်း ပြောဖို့က ခက်ခဲပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူတို့က မနှစ်ကနဲ့ တူညီတဲ့အသင်းလည်းဖြစ်သလို၊ ကွဲပြားခြားနားတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဖေးဘရိတ်ဆိုတာက ဘာမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးလ်က ဖေးဘရိတ်အသင်းဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။နှစ်သင်းစလုံးအတွက် ခက်ခဲမှာပါ။ ကျွန်တော်တို့ ဆီမီးဖိုင်နယ်ရောက်ချင်ပါတယ်။ ဒါက ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပေမဲ့ ကျွန်တော်တို့မှာ လှုံ့ဆော်မှုအပြည့်ရှိပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

PSG နဲ့ လီဗာပူးလ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ ဆုံတွေ့ခဲ့ကြပြီး နှစ်ကျော့ပေါင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ PSG အသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

 

Most Read

Most Recent