ရန်ကုန်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၈၄၀၊ ၉၅ တစ်လီတာ ကျပ် ၁၁၂၅၊ ဒီဇယ် တစ်လီတာ ကျပ် တစ်ထောင်ကျော် ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် စျေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
မတ် ၂၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းအရ ရန်ကုန်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၄၅၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၇၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၄၅၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၀၈၅ ဖြစ်သည်။
ပြီးခဲ့သည့် တပတ်က ရောင်းချခဲ့သည့် စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၈၄၀ ကျပ်၊ ၉၅ တစ်လီတာ ၁၁၂၅ ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာ ၁၀၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၂၆၅ ကျပ်အထိ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
မတ် ၂၀ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၃၆၁၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၃၈၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၄၃၉၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၄၈၂၀ ဖြစ်သည်။
ယင်းကြောင့် စက်သုံးဆီစျေးနှုန်းမှာ နှစ်ပတ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ အတက်အကျ မငြိမ်သက်ဖြစ်နေရာမှ စက်သုံးဆီစျေးနှုန်းများမှာလည်း ပြောင်းလဲလျက်ရှိသည်။
အလားတူ ရေနံအကြပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စက်သုံးဆီလျှော့ချအသုံးပြုနိုင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိသည်။















