နိုင်ငံတကာရက်သတ္တပတ်မှာ စပါးအသင်း နည်းပြအပြောင်းအလဲလုပ်သင့်ကြောင်း ကာရေဂါ အကြံပြု

နိုင်ငံတကာရက်သတ္တပတ်မှာ စပါးအသင်း နည်းပြအပြောင်းအလဲလုပ်သင့်ကြောင်း ကာရေဂါ အကြံပြု
Photo: X
Photo: X
Published 23 March 2026

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီကာရေဂါက စပါးအသင်းအနေနဲ့ နိုင်ငံတကာရက်သတ္တပတ်အတွက် အနားပေးချိန်မှာ နည်းပြအပြောင်းအလဲလုပ်သင့်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နည်းပြ သောမတ်စ်ဖရန့်ခ်ကို ရာထူးက ထုတ်ပယ်ပြီး တူဒေါကို အစားထိုးခန့်အပ်ခဲ့ပေမဲ့ တူဒေါလက်ထက်မှာ ရလဒ်တွေ ပိုမိုဆိုးရွားခဲ့ပါတယ်။

စပါးအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းအန္တရာယ်အတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

တူဒေါဟာ စပါးအသင်းကို ပြိုင်ပွဲစုံ(၇)ပွဲကိုင်တွယ်ရာမှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၅)ပွဲရှုံးခဲ့ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို၊ ပရီးမီးယားလိဂ်မှာလည်း အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းနဲ့ (၁)မှတ်သာ ကွာဟပါတော့တယ်။

စပါးအသင်းက ပရီးမီးယားလိဂ်မှာ ၂၀၂၆ အတွင်း နိုင်ပွဲလုံးဝမရခဲ့ဘဲ (၅)ပွဲသရေ၊ (၈)ပွဲရှုံံးခဲ့ပါတယ်။

ဒါကြောင့် ကာရေဂါက ''အခုနဲ့ ရာသီအဆုံးမသတ်ခင် ကြားကာလမှာ သူတို့ တစ်ခုခု လုပ်ဆောင်ဖို့ လိုနေပါပြီ။ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့အတွက် သူတို့ ပရိသတ်တွေနဲ့ အတူရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ တူဒေါနဲ့ လမ်းခွဲပြီး တခြားနည်းပြ ခန့်အပ်လိုက်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent