ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 16 March 2026

ဘရန့်ဖို့ဒ် - ဝုလ်ဗ် (မတ် ၁၇ နံနက် ၂း၃၀ နာရီ)

ဝုလ်ဗ်အသင်းက အမှတ်ပေးဇယားအောက်ဆုံးက လွတ်မြောက်ဖို့ မလွယ်တော့ပေမဲ့ အခုနောက်ပိုင်း ရုန်းကန်အား ကောင်းလာတာကိုတော့ အသိအမှတ်ပြုရမှာပါ။ ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာနဲ့ လီဗာပူးလ်ကို နှစ်ပွဲဆက်အနိုင်ရခဲ့သလို၊ အာဆင်နယ်ကိုလည်း သရေကစားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ အသင်းကြီးတွေနဲ့ ဆုံတွေ့ရခြင်းမရှိချိန်မှာတောင် ရလဒ်ပိုင်းက သိပ်မကောင်းပါဘူး။ အခုနောက်ပိုင်း နှစ်သင်းထိပ်တိုက်ဆုံတွေ့မှုမှာ ဘရန့်ဖို့ဒ် အသာစီးရနေပေမဲ့ ဒီပွဲမှာတော့ အမှတ်ခွဲယူရမယ်ထင်ပါတယ်။

ခရီမိုနီဆီ - ဖီအိုရင်တီးနား (မတ် ၁၇ နံနက် ၂း၁၅ နာရီ)

လက်ရှိအချိန်မှာ ခရီမိုနီဆီက အဆင့်(၁၈)၊ ဖီအိုရင်တီးနားက အဆင့်(၁၇)မှာ ရှိနေတာကြောင့် တန်းဆင်းဇုန်အတွက် အမှတ်လုရမယ့်ပွဲ ဖြစ်ပါတယ်။ ခရီမိုနီဆီက ဒီဇင်ဘာလမှာ လက်ချီကို အနိုင်ရခဲ့ပြီးကတည်းက နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပြီး နောက်ဆုံး(၃)ပွဲဆက်လည်း ရှုံးထားပါတယ်။ ဖီအိုရင်တီးနားက ကွန်းဖရန့်လိဂ်တစ်ဖက်နဲ့ ရလဒ်တွေ ကျဆင်းနေပေမဲ့ ခရီမိုနီဆီထက်တော့ ပိုကောင်းပါတယ်။ ဖီအိုရင်တီးနားကိုပဲ ရွေးချင်ပါတယ်။

ဗယ်လက်ကာနို - လီဗန်တေး (မတ် ၁၇ နံနက် ၂း၃၀ နာရီ)

ဒီပွဲမှာတော့ တန်းဆင်းဇုန်ထဲက လီဗန်တေးအသင်း ဘယ်လောက်ရုန်းနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့တာကြောင့်လည်း လီဗန်တေးအသင်း စိတ်ဓာတ်တက်ကြွနေနိုင်ပါတယ်။ ဒါပေမဲ့ လတ်တလောခြေစွမ်းမှာ ဗယ်လက်ကာနိုက ပိုကောင်းပြီး ပိုတည်ငြိမ်နေသလို၊ လီဗန်တေးက အဝေးကွင်းမှာ ရှုံးပွဲဆက်နေတာကြောင့် အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။

Most Read

Most Recent