မန်ယူနဲ့ပွဲမှာ ပယ်နယ်တီမပေးခဲ့ရသင့်ဘူးလို့ ဂလက်စ်နာ ပြောကြား

မန်ယူနဲ့ပွဲမှာ ပယ်နယ်တီမပေးခဲ့ရသင့်ဘူးလို့ ဂလက်စ်နာ ပြောကြား
Photo: X
Photo: X
Published 2 March 2026

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့နည်းပြ ဂလက်စ်နာက မန်ယူနဲ့ပွဲမှာ ပယ်နယ်တီမပေးခဲ့ရသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ (၁-၂)ဂိုးနဲ့ ရှုံံးနိမ်ခဲ့ပြီး ပွဲချိန်(၅၆)မိနစ်မှာ နောက်ခံလူ လာခရွိုင်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရသလို ပယ်နယ်တီလည်း ပေးခဲ့ရပါတယ်။

အဲဒီပယ်နယ်တီကနေ မန်ယူအသင်းက ချေပဂိုး သွင်းယူခဲ့တာဖြစ်ပြီး ဂလက်စ်နာက လာခရွိုင်း ပြစ်ဒဏ်စတင်ကျူးလွန်မိတာက ဂိုးဧရိယာပြင်ပမှာဖြစ်တာကြောင့် ပယ်နယ်တီမပေးသင့်ကြောင်း ပြောကြားခဲ့တာပါ။

''ပြစ်ဒဏ်ဖြစ်ခဲ့တာက ဂိုးဧရိယာအပြင်ဘက်မှာပါ။ ဘယ်နေရာမှာ ပြစ်ဒဏ်စဖြစ်ခဲ့သလဲဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ နောက်ဆုံးဖြစ်တဲ့နေရာကို မကြည့်သင့်ပါဘူး။ ကူညာကလည်း အရမ်းပါးနပ်ပါတယ်။ ဒါက အိုးလ်ထရက်ဖို့ဒ်ရဲ့ အပိုဆုလို့ ဆိုနိုင်ပါတယ်'' လို့ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းက ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား တတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အဆင့်(၁၄)နေရာ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

Most Read

Most Recent