■ အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံရ

■ အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံရ
Published 27 February 2026

အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံလိုက်ရကြောင်း သိရသည်။

" မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့် ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ" ဟု အဆိုဇာတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့မှာ မသန်စွမ်းသူများနှင့်ပတ်သက်သည့် ပြက်လုံးတစ်ခုကို ကပြဖျော်ဖြေခဲ့သည်။

ယင်းသို့ ဖျော်​ဖြေမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး မသန်စွမ်းအဖွဲ့အစည်းများက ကန့်ကွက်သည့် ထုတ်ပြန်ချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent