အတ္တလန်တာ - ဒေါ့မွန် (ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၂း၁၅ နာရီ)
(ပထမအကျော့ရလဒ် -- ဒေါ့မွန် ၂-၀ အတ္တလန်တာ)
ဂျာမန်မြေမှာ (၂)ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် အတ္တလန်တာအသင်းအတွက် မျှော်လင့်ချက်က နည်းပါးနေပါပြီ။ ဒေါ့မွန်က ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ (၄)ပွဲနိုင်၊ (၁)ပွဲသရေကစားပြီး ပုံစံကောင်းပြသနေတဲ့အသင်း ဖြစ်တာကြောင့်လည်း အိမ်ကွင်းဖြစ်ပေမဲ့ အတ္တလန်တာအသင်း အသာစီးယူနိုင်ဖို့ မလွယ်ပါဘူး။ အီတလီမြေမှာ ဒေါ့မွန်အသင်း မရှုံးအောင် ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဂျူဗင်တပ်စ် - ဂါလာတာစာရေး (ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၂း၃၀ နာရီ)
(ပထမအကျော့ရလဒ် -- ဂါလာတာစာရေး ၅-၂ ဂျူဗင်တပ်စ်)
(၃)ဂိုးပြတ် ရှုံးနိမ့်ထားတာကို ပြောင်းပြန်လှန်နိုင်ဖို့ဆိုတာ အရင်လို ဂျူဗင်တပ်စ်အသင်းဆိုရင် မျှော်လင့်လို့ ရနိုင်ပေမဲ့ လက်ရှိဂျူဗင်တပ်စ်ကတော့ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ပြီး နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့အသင်းပါ။ ဂါလာတာစာရေးက နောက်ဆုံးပြည်တွင်းပွဲမှာ ရှုံးထားပေမဲ့ အဲဒီပွဲမတိုင်ခင် (၅)ပွဲဆက် အနိုင်ရထားပါတယ်။ ဂါလာတာစာရေးကိုပဲ ကြိုက်ပါတယ်။
PSG - မိုနာကို (ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၂း၃၀ နာရီ)
(ပထမအကျော့ရလဒ် -- မိုနာကို ၂-၃ PSG )
လက်ရှိချန်ပီယံ PSG အသင်းက ပြီးခဲ့တဲ့ရာသီကလောက် တောင့်တင်းကျစ်လျစ်မှု မရှိတော့ပါဘူး။ ဒါက ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့ပြီးနောက် ဆာလောင်စိတ်တွေ လျော့ကျသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိုနာကိုလို အကြောင်းသိပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ဖို့တော့ အခက်အခဲမရှိနိုင်ပါဘူး။ မိုနာကိုရဲ့ အဝေးကွင်းခြေစွမ်းကလည်း ညံ့တာကြောင့် PSG အသင်း ဂိုးပြတ်အနိုင်ရနိုင်ခြေရှိပါတယ်။
ရီးယဲလ်မက်ဒရစ် - ဘင်ဖီကာ (ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၂း၃၀ နာရီ)
(ပထမအကျော့ရလဒ် -- ဘင်ဖီကာ ၀-၁ ရီးယဲလ်မက်ဒရစ်)
ရီးယဲလ်အသင်းမှာ ဒဏ်ရာပြဿနာရှိနေပြီး တိုက်စစ်မှူး ဘန်ဇီမာ မကစားနိုင်ရင် တိုက်စစ်ပိုင်းက အားနည်းသွားနိုင်ပါတယ်။ ဘင်ဖီကာကို အဝေးကွင်းမှာ အနိုင်ရထားတာကြောင့် ဖိအားလျော့နေပေမဲ့ လိဂ်အဆင့်နောက်ဆုံးပွဲမှာ ဂိုးပြတ်ရှုံးခဲ့ဖူးတာကြောင့် သတိထားဖို့တော့ လိုပါလိမ့်မယ်။ အိုဆာဆူနာကို ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းအရလည်း ရီးယဲလ်အသင်းမှာ အားနည်းချက်တွေ ရှိနေတာ မြင်တွေ့ရပါတယ်။ ဘာနေဗျူးမှာ ယှဉ်ပြိုင်ရမှာဖြစ်ပေမဲ့ ရီးယဲလ်အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။















