ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ အာဆင်နယ်ကစားသမား နှစ်ဦးပါဝင်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ အာဆင်နယ်ကစားသမား နှစ်ဦးပါဝင်
Photo: X
Photo: X
Published 25 February 2026

အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၇)ဦးစာရင်းကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ရာ အာဆင်နယ်ကစားသမားနှစ်ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သူတွေက အက်ဇေး၊ ယော်ကယ်ရက်စ်(အာဆင်နယ်)၊ ဒင်းန်ဟန်ဒါဆန်(ပဲလေ့စ်)၊ ဟီမင်နက်ဇ်(ဖူလ်ဟမ်)၊ မီလ်နာ(ဘရိုက်တန်)၊ အိုရိုင်လေ(မန်စီးတီး)နဲ့ အန်တန်စတက်ချ်(လိဒ်စ်) တို့ဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ အက်ဇေးနဲ့ ယော်ကယ်ရက်စ်တို့ဟာ စပါးအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ နှစ်ဂိုးစီသွင်းယူပြီး ခြေစွမ်းပြခဲ့သူတွေဖြစ်တာကြောင့် ပွဲစဉ်(၂၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရဖို့ အလားအလာများနေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

အက်ဇေးနဲ့ ယော်ကယ်ရက်စ်တို့ဟာ အလန်ရှီးယား ရွေးချယ်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ရဲ့ အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အက်ဇေးဟာ စပါးအသင်းကို (၄-၁)ဂိုးနဲ့ပဲ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)တုန်းကလည်း ဟက်ထရစ်သွင်းယူပြီး အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရဖူးကြောင်း သိရပါတယ်။

 

Most Read

Most Recent