လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အ.မ.က (၂၃) စာသင်ကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ တောင်တွင်းကြီးလမ်းရှိ အ.မ.က (၂၃) စာသင်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီ ၄၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်သည့်အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေး။















