တိုက်စစ်မှူး အီဂေါသီယာဂိုကို ၂၀၃၁ ခုနှစ်အထိ ဘရန့်ဖို့ဒ်အသင်း သက်တမ်းတိုး

တိုက်စစ်မှူး အီဂေါသီယာဂိုကို ၂၀၃၁ ခုနှစ်အထိ ဘရန့်ဖို့ဒ်အသင်း သက်တမ်းတိုး
Photo: X
Photo: X
Published 13 February 2026

ဘရန့်ဖို့ဒ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး အီဂေါသီယာဂိုကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုုက်ကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ အီဂေါသီယာဂိုကို ၂၀၂၄ ဖေဖော်ဝါရီကမှ ကလပ်ဘရုဂေးအသင်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူထားတာဖြစ်ပြီး ဘယ်လ်ဂျီယံလိဂ်ရဲ့ ကစားသမားရောင်းချမှုမှာ တန်ဖိုးအကြီးဆုံးအဖြစ် စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ်အသင်းက အီဂေါသီယာဂိုကို ၂၀၂၉ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပေမဲ့ ဒီရာသီမှာ ထူးထူးခြားခြားခြေစွမ်းပြနေတာကြောင့် သက်တမ်းတိုးစာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

အီဂေါသီယာဂိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၇)ဂိုးသွင်းယူထားပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေတာကြောင့် ထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် (၂၄)နှစ်သာရှိသေးတဲ့ အီဂေါသီယာဂိုက ပရိသတ်တွေက သူ့ကို ချစ်ခင်အားပေးကြတဲ့အသင်းမှာ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုနိုင်တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent