■ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့် တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်၏ သားဖြစ်သူကို ဖမ်းဆီးထားပြီး ကျောင်းကိုလည်း ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူမည်

■ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့် တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်၏ သားဖြစ်သူကို ဖမ်းဆီးထားပြီး ကျောင်းကိုလည်း ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူမည်
Published 21 January 2026

ကျောင်းတွင် တက်ရောက်နေသူကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရန် မြို့ခံကျောင်းများက အခမဲ့ကူညီမည်

အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့် တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျူးလွန်သူကို ဖမ်းဆီးထားပြီး ကျောင်းကိုလည်း ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြစ်မှုကျုးလွန်သူအား တောင်ကြီး အမှတ် ၁ နယ်မြေရဲစခန်းတွင် ဇန်နဝါရီ ၁၈ ရက်က ဖမ်းဆီးထားကြောင်း၊ ကျူးလွန်ခံရသူအား ကာယကံရှင်၏ ဆန္ဒအရ ပြင်ပဖြေအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားကြောင်း၊ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းအား ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြန်လည်ဖြေကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ သစ်တောရပ် ကွက်၊ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ကျောင်းတက်နေသော Grade-12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ပြန်နားနေစဉ် မွန်းလွဲ ၁ နာရီခန့်တွင် ကျောင်းမှ ကျောင်း အုပ်၏သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး အဆိုပါကျောင်းသူကို အလိုမတူဘဲ အဓမ္မ ပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာကလည်း သမီးတို့သူငယ်ချင်း ပါ။ ဖြစ်ပုံက ၁၅ ရက်နေ့ မနက်ပိုင်းကျောင်းသွားတည်းက သူငယ်ချင်းက နေမကောင်းပါဘူး။ မနေ့ညက သမီးတို့အကုန်မနက် ၃ နာရီအထိ စာလုပ်ထားတော့ မနက်ကျောင်းသွားတော့ ခေါင်းမူးပြီး သူက နေလို့အဆင်မပြေဘူး။ နေ့ လယ် ထမင်းစားဆင်းရင်အဆောင်ဘက်ပြန် ပြီး နေ့တစ်ပိုင်းလောက် ပြန်အိပ်မှရမယ်ဆိုပြီး သမီးတို့ကိုပြောတယ်။ ဖြစ်သွားတာကလည်း သူ အဲဒီပြန်တဲ့အချိန် သူ့ကိုပိုက်ဆံသိန်း ၂၀ လည်းတောင်းပါတယ်။ ပြီးတော့ ဓာတ်ပုံတွေ ရော အတင်းရိုက်ပြီး သားမယားပြုကျင့်တာပါ။ သူငယ်ချင်းက စတည်းက နေလည်းမကောင်းတာမို့ ဒီလိုဖြစ်တဲ့ချိန်မှာ ဘယ်လောက်အထိ ခံစားနေရမယ်ဆိုတာ ပြောတောင်မပြတတ် တော့ဘူး။ ညနေကျောင်းဆင်း သမီးတို့ပြန် လာတဲ့အချိန်မှာ ကုတင်အောက်လေးမှာ အိမ်ပြန်ချင်တယ်။ ကြောက်တယ်ဆိုပြီး တစ်ကိုယ်လုံးတုန်ပြီး အဲ့စကားတွေပဲ အထပ်ထပ်ပြော ပြီး ငိုနေတာ သမီးတို့ဆို ဘာမှမသိသေးတာ တောင် သူ့ပုံစံကိုမြင်ပြီး သနားလို့ မျက်ရည်တွေပါကျတယ်” ဟု အဆိုပါကျောင်းတွင် တက်ရောက်နေသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသူ ကျောင်းသားကျောင်းသူ ၄၀၀ ခန့်ရှိပြီး ပညာသင်ကြားနေသူများ စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိစေရန် မြို့ခံကိုယ်ပိုင်ကျောင်းများက အခမဲ့ကူညီပေးမည်ဖြစ်ကြောင်း ကြေညာထုတ်ပြန်ထားသည်ကို ကျောင်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရသည်။

Most Read

Most Recent