ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေဟာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် အသင်းရဲ့ပိုင်ရှင် BlueCo ကုမ္ပဏီကို ဆန္ဒပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ချယ်လ်ဆီးပရိသတ်တွေက နည်းပြ မာရက်စကာကို ရာထူးက အလွယ်တကူထုတ်ပယ်ပစ်ခဲ့ခြင်းအတွက် ဒေါသထွက်နေကြပြီး စီမံကိန်းမရှိတဲ့အသင်း အဖြစ်မခံလိုတာကြောင့် ဆန္ဒပြဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီး - ဘရန့်ဖို့ဒ်ပွဲကို မနက်ဖြန် ဗြိတိန်စံတော်ချိန် နေ့လယ် ၃းဝ၀ နာရီမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်လ်ဆီးပရိသတ်တွေက ဆန္ဒပြမှုကို နေ့လယ် ၁းဝ၀ နာရီမှာကတည်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း အပြင်ဘက်မှာ စတင်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းနည်းတူ BlueCo ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေတဲ့ ပြင်သစ်ကလပ် စထရာဘိုးအသင်းရဲ့ ပရိသတ်တွေကလည်း တနင်္ဂနွေနေ့ မက်ဇ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် ဆန္ဒပြဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
စထရာဘိုးပရိသတ်တွေက အသင်းရဲ့နည်းပြ လီယမ်ရိုစီနီယာကို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့ရတဲ့အတွက် ဒေါသထွက်နေကြခြင်းဖြစ်ပြီး အသင်းများစွာ ပူးတွဲပိုင်ဆိုင်ခြင်းကို အလိုမရှိကြောင်း အဓိကထားပြီး ဆန္ဒပြသွားမယ်လို့ သိရပါတယ်။
blueCo က လက်ရှိအချိန်မှာ ဒီအသင်းနှစ်သင်းကိုသာ ပိုင်ဆိုင်ထားပေမဲ့ နောက်ထပ် ဝယ်ယူသွားဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။















