ကိုလုံး - ဘိုင်ယန်မြူးနစ် (ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၂းဝ၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံဆုအတွက် အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်နေတဲ့ အသင်းဖြစ်ပြီး ကိုလုံးကတော့ ဘွန်ဒစ်လီဂါမှာ နောက်ဆုံး(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပါတယ်။ ဂျာမန်ဖလားမှာ ဆုံတွေ့တုန်းကလည်း ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရဦးမှာပါ။
နာပိုလီ - ပါးမား (ဇန်နဝါရီ ၁၄ ရက်နေ့ ည ၁၂းဝ၀ နာရီ)
စီးရီးအေမှာ နှစ်ပွဲဆက်အမှတ်လျော့ထားတဲ့ နာပိုလီအသင်း နို်င်ပွဲပြန်ရှာဖို့ လိုနေပါပြီ။ ပါးမားရဲ့ ခြေစွမ်းကလည်း ခပ်ညံ့ညံ့မဟုတ်တာကြောင့် နာပိုလီအသင်း ဂရုတစိုက်ကစားဖို့တော့ လိုပါလိမ့်မယ်။ ခြေစွမ််းအရတော့ အိမ်ကွင်းမှာ နာပိုလီအသင်း နှစ်ဂိုးပြတ်အနိုင်ရဖို့ မခက်နိုင်ပါဘူး။
အင်တာမီလန် - လက်ချီ (ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၂း၁၅ နာရီ)
အင်တာမီလန်က စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးက အသင်းဖြစ်ပြီး လက်ချီကတော့ တန်းဆင်းဇုန်ထိပ် ရောက်နေတဲ့အသင်းပါ။ အင်တာမီလန်က အိမ်ကွင်းမှာ အမှတ်အလေအလွင့်နည်းအောင် ကစားတတ်တဲ့အသင်းဖြစ်သလို၊ လက်ချီကိုလည်း အိမ်ကွင်းမှာ (၁၁)ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ အင်တာမီလန် အနိုင်သေချာပါတယ်။
အခြားပွဲများ
* ဝုလ်ဖ်ဘတ် - စိန့်ပေါ်လီ
* ဟော်ဖန်ဟင်မ် - မိုချန်ဂလာဘတ်
* လိုက်ပ်ဇစ် - ဖရိုင်းဘတ်















