■ ၂ဝ၂၆ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်အနေဖြင့် ယာဉ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်အလိုက် တင်သွင်းခွင့် သတ်မှတ်

■ ၂ဝ၂၆ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်အနေဖြင့် ယာဉ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်အလိုက် တင်သွင်းခွင့် သတ်မှတ်
Published 3 January 2026

■ လူစီးယာဉ်များအတွက် ၂ဝ၂၅ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိနှင့် လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) အတွက်၂၀၂၂ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိဖြစ်ကြောင်း သိရ

၂ဝ၂၆ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်အနေဖြင့် ယာဉ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်အလိုက် တင်သွင်းခွင့် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက် ရက်စွဲဖြင့် ကြေညာကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၂ဝ၂၆ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အလိုက် ဖော်ပြပါအတိုင်း သတ်မှတ်လိုက်ကြောင်း သိရသည်။

သတ်မှတ်ချက်အနေဖြင့် (က)လူစီးမော်တော်ယာဉ်များအတွက် ၂ဝ၂၅ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ၊ (ခ)လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) အတွက်၂၀၂၂ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ၊ (ဂ)မီးသတ်ယာဉ်/ လူနာတင်ယာဉ်များအတွက် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ၊ (ဃ)ယန္တရားများအတွက် ၂၀၁၇ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ ဖြစ်ကြောင်း သိရသည်။

အထက်ဖော်ပြပါအပိုဒ်ခွဲ (က) မှ (ဂ) အထိပါ ယာဉ်များတင်သွင်းရာတွင် လက်ဝဲစတီယာ ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် ပူးတွဲပါ လုပ်ငန်း ယန္တရားများအား လွန်ခဲ့သော (၁၅) နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် ( ၂၀၁၂ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင်သွင်းခွင့်ပြုပါမည်ဖြစ်ကြောင်း သိရသည်။

ယခု အမိန့်ကြော်ငြာစာထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အတွင်း နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းမှုနှင့် စပ်လျဉ်း၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒ ပြောင်းလဲခြင်း မပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

Most Read

Most Recent