ဂိုး(၁၀၀၀)မပြည့်မချင်း အနားယူမှာမဟုတ်ဘူးလို့ စီရော်နယ်လ်ဒို ပြောကြား

ဂိုး(၁၀၀၀)မပြည့်မချင်း အနားယူမှာမဟုတ်ဘူးလို့ စီရော်နယ်လ်ဒို ပြောကြား
Photo: X
Photo: X
Published 29 December 2025

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဂိုး(၁၀၀၀)မပြည့်မချင်း အနားယူမှာမဟုတ်ဘူးလို့ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ဆုပေးပွဲမှာ စီရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး ကျေးဇူးတင်စကားပြောကြားချိန်မှာ ဂိုး(၁၀၀၀)ရည်မှန်းချက်အကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။

'' ဘောလုံးဆက်ကစားဖို့က ခက်ခဲပေမဲ့ ကျွန်တော့်မှာ လှုံ့ဆော်မှုရှိပါတယ်။ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုက မြင့်မားပြီး ရှေ့ဆက်သွားချင်ပါတယ်။ အရှေ့အလယ်ပိုင်းပဲဖြစ်ဖြစ် ဥရောပပဲဖြစ်ဖြစ် ဘယ်မှာ ကစားသလဲဆိုတာက အရေးမကြီးပါဘူး။ ဘောလုံးကစားနေရရင် ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော့်ရည်မှန်းချက် ဘာလဲဆိုတာလည်း ခင်ဗျားတို့ သိပါတယ်။ ကျွန်တော် ဆုဖလားတွေ ရယူသွားချင်ပြီး အဲဒီကိန်းဂဏန်း(ဂိုး ၁၀၀၀)ကိုလည်း ရောက်ချင်ပါတယ်။ ဒဏ်ရာပြဿနာသာ မရှိရင် ကျွန်တော် အဲဒီကိန်းဂဏန်းကို သေချာပေါက်ရောက်မှာပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက်(၄၁)နှစ်ပြည့်မှာဖြစ်ပြီး အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

သူ့ရဲ့ ကလပ်နဲ့ လက်ရွေးစင် နှစ်မျိုးပေါင်း သွင်းဂိုးက (၉၅၆)ဂိုးရှိနေပြီဖြစ်တာကြောင့် ဂိုး(၁၀၀၀)ပြည့်ဖို့ (၄၄)ဂိုးသာ လိုတော့တာပါ။

Most Read

Most Recent