အီတလီစူပါဖလား၊ ဘွန်ဒစ်လီဂါနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

အီတလီစူပါဖလား၊ ဘွန်ဒစ်လီဂါနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 19 December 2025

ဘိုလော့ဂ်နာ - အင်တာမီလန် (ဒီဇင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

အီတလီစူပါဖလားပြိုင်ပွဲကို လေးသင်းပြိုင်ပွဲပုံစံအဖြစ် တတိယအကြိမ် ကျင်းပတာ ဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်၊ နာပိုလီတို့ရဲ့ ခြေချော်မှုကို အခွင့်အရေးယူနိုင်ခဲ့တဲ့ အင်တာမီလန်အသင်း ဇယားထိပ်ဆုံးနေရာ တက်ရောက်လာနိုင်ခဲ့တယ်။ ဘိုလော့ဂ်နာအသင်းကတော့ ဥရောပပြိုင်ပွဲနဲ့ ပြည်တွင်းပွဲစဉ်တွေကြောင့် ပွဲပန်းနေပြီး စီးရီးအေသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ အခုကစားရမှာက ကြားမြေဖြစ်တဲ့ ဆော်ဒီနိုင်ငံမှာဖြစ်လို့ အင်တာမီလန်အသင်း ဂိုးမပြတ်ဘဲ (၁-၂) လောက်နဲ့ အနိုင်ရမယ်။

ဒေါ့မွန် - မိုချန်ဂလာဘတ် (ဒီဇင်ဘာ ၂၀ ရက် နံနက် ၂းဝ၀ နာရီ)

ချန်ပီယံလိဂ်နဲ့ ဘွန်ဒစ်လီဂါမှာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ ဒေါ့မွန်အသင်း နိုင်ပွဲပြန်ရှာရမယ့်အချိန်ပါ။ ဒေါ့မွန်က အိမ်ကွင်းမှာ အပျက်များနေပြီး မိုချန်ဂလာဘတ်က အဝေးကွင်းသုံးပွဲဆက် အနိုင်ရထားတာကိုတော့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေါ့မွန်က မိုချန်ဂလာဘတ်ကို အိမ်ကွင်းမှာ (၁၂)ပွဲဆက် အနိုင်ရထားတဲ့မှတ်တမ်း ရှိနေတာကြောင့် ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်ပါတယ်။

ဗလင်စီယာ - မာယော့ကာ (ဒီဇင်ဘာ ၂၀ ရက် နံနက် ၂း၃၀ နာရီ)

တန်းဆင်းဇုန်နားရောက်တဲ့အထိ ဗလင်စီယာအသင်း ရလဒ်တွေ ကျဆင်းနေပါတယ်။ အရင်လို အိမ်ကွင်းအားသာချက်ကို အသုံးချနိုင်တဲ့အခြေအနေမှာလည်း ရှိမနေပါဘူး။ မာယော့ကာကလည်း ခြေစွမ်းမတည်ငြိမ်တဲ့အသင်းဖြစ်တာကြောင့် အမှတ်ခွဲယူရမယ့်ပွဲလို့ပဲ ထင်ပါတယ်။

Most Read

Most Recent