မန်စီးတီး - ဘရန့်ဖို့ဒ် (ဒီဇင်ဘာ ၁၈ ရက် နံနက် ၂းဝ၀ နာရီ)
မန်စီးတီးက နိုင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး ဘရန့်ဖို့ဒ်အသင်းကတော့ (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြိုင်ပွဲအားလုံးကို အလေးထားယှဉ်ပြိုင်လေ့ရှိတဲ့သူဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဒုတိယအအောင်မြင်ဆုံးဖြစ်လာတာလည်း သူ့လက်ထက် ဆုဖလားတွေကြောင့်ပါ။ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ လက်ရှိခြေစွမ်းနဲ့ နောက်တစ်ဆင့်မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ မန်စီးတီး အနိုင်သေချာပါတယ်။
နယူးကာဆယ် - ဖူလ်ဟမ် (ဒီဇင်ဘာ ၁၈ ရက် နံနက် ၂း၄၅ နာရီ)
နောက်ဆုံး(၅)ပွဲ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ရင်တော့ ဖူလ်ဟမ်ကတောင် နိုင်ပွဲ ပိုများနေပါတယ်။ အဲဒီ(၅)ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း သဘောကျစရာကောင်းနေပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း(၈)ပွဲမှာ (၇)ပွဲနိုင်၊ (၁)ပွဲသရေကစားထားတဲ့ နယူးကာဆယ်အသင်းရဲ့ မှတ်တမ်းက ပိုပြီးကြိုက်ချင်စရာကောင်းနေပါတယ်။ အပြန်အလှန်ဂိုးတွေနဲ့ နယူးကာဆယ် အနိုင်ရမယ့်ပွဲလို့ ထင်ပါတယ်။















