မိန်နူးကို ခေါ်ယူလိုတဲ့ကလပ်အသင်း အနည်းဆုံး(၁၂)သင်းရှိနေ

မိန်နူးကို ခေါ်ယူလိုတဲ့ကလပ်အသင်း အနည်းဆုံး(၁၂)သင်းရှိနေ
Photo: X
Photo: X
Published 15 December 2025

မန်ယူအသင်းမှာ နေရာမရဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးကို ခေါ်ယူလိုတဲ့ကလပ်အသင်း အနည်းဆုံး(၁၂)သင်း ရှိနေတယ်လို့ ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ မိန်နူးဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်သလို၊ ပရိသတ်တွေ သဘောကျတဲ့ ကစားသမားလည်းဖြစ်ပေမဲ့ နည်းပြ အာမိုရင်မ်က အရန်ကစားသမားအဖြစ်သာ အသုံးပြုနေပါတယ်။

မိန်နူးဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ကစားတဲ့နေရာချင်းတူညီနေတာကြောင့် အရန်ကစားသမားအဖြစ် ရပ်တည်နေရခြင်းဖြစ်ကြောင်းလည်း အာမိုရင်မ်က ဆိုခဲ့ပါတယ်။

ဒါကြောင့် မိန်နူးက ပွဲကစားချိန်ပိုရမယ့်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပြီး လာမယ့် ဇန်နဝါရီစျေးကွက်မှာ အငှားထွက်ကစားဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

ဒီအတွက် ဥရောပကလပ်အသင်းတစ်ဒါဇင်လောက်က မိန်နူးနဲ့ မန်ယူအသင်းရဲ့အခြေအနေကို စောင့်ကြည့်နေကြပြီး အဲဒီအသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့ ပါဝင်နေကြောင်းလည်း သိရပါတယ်။

အာမိုရင်မ်ကတော့ ဇန်နဝါရီမှာ အငှားထွက်ကစားဖို့ မိန်နူးက တောင်းဆိုလာခဲ့ရင် လက်ခံဆွေးနွေးသွားမှာဖြစ်ပေမဲ့ သူကတော့ အငှားချဖို့အကြောင်း ပြောမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

Most Read

Most Recent