မန်ယူ - ဘုန်းမောက် (ဒီဇင်ဘာ ၁၆ ရက် နံနက် ၂း၃၀ နာရီ)
ဘုန်းမောက်အသင်းက (၆)ပွဲဆက်နိုင်ပွဲပျောက်ပြီး တန်းဆင်းဇုန်နား ရောက်လုနီးပါးဖြစ်လာပါတယ်။ မန်ယူအသင်းကတော့ ရလဒ်ပိုင်းပြန်တက်လာချိန်လို့ ဆိုရမှာဖြစ်ပြီး ဒီပွဲက နိုင်ပွဲဆက်ဖို့ အခွင့်အရေးကောင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဘုန်းမောက်ကို နှစ်ရာသီဆက်အရှုံးပေးထားရတဲ့ မှတ်တမ်းဆိုးရှိနေတာကိုတော့ သတိပြုရမှာပါ။ လက်ရှိခြေစွမ်းအရတော့ နိုင်ပွဲက မန်ယူအသင်းအတွက်ပါပဲ။
ရိုးမား - ကိုမို (ဒီဇင်ဘာ ၁၆ ရက် နံနက် ၂း၁၅ နာရီ)
စီးရီးအေမှာ နှစ်ပွဲဆက်ရှုံးထားတဲ့ ရိုးမားအသင်း ပွဲကျပ်ရင်ဆိုင်ရဦးမှာပါ။ ကိုမိုက ပြီးခဲ့တဲ့ပွဲစဉ်မှာ အင်တာမီလန်ကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ဒီရာသီိမှာ နှစ်ပွဲဆက်ရှုံးတာ မရှိသေးပါဘူး။ ကိုမိုရဲ့ တည်ငြိမ်မှုကြောင့် အမှတ်ခွဲယူရမယ့်ပွဲလို့ ထင်ပါတယ်။
ဗယ်လက်ကာနို - ဘက်တစ် (ဒီဇင်ဘာ ၁၆ ရက် နံနက် ၂း၃၀ နာရီ)
ဗယ်လက်ကာနိုက လာလီဂါမှာ နိုင်ပွဲပျောက်နေတာကြာပါပြီ။ ဘက်တစ်ကလည်း လာလီဂါအဆင့်(၆)နေရာမှာ ရှိနေပေမဲ့ သရေပွဲတွေ များနေပါတယ်။ ဗယ်လက်ကာနိုကွင်းမှာ ရုန်းကန်ရတတ်တဲ့ အစဉ်အလာလည်း ရှိပါတယ်။ ဒါကြောင့် အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။















