■ လာလီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

■ လာလီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်
Photo: FC Barcelona
Photo: FC Barcelona
Published 12 December 2025

◘ အက်သလက်တီကို - ဗလင်စီယာ (ည ရး၃၀ နာရီ)

လာလီဂါတွေ့ဆုံမှု နောက်ဆုံးရာသီဆက် အက်သလက်တီကိုအသင်း အနိုင်ရထားပြီး ဂိုးပြတ်တဲ့ပွဲလည်း ပိုများတယ်။ ဗလင်စီယာအသင်း တန်းဆင်းဇုန်နားကပ်နေလို့ အမှတ်လိုပေမဲ့ အိမ်ရှင်အသင်းကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ အက်သလက်တီကိုပဲ ကြိုက်တယ်။

◘ ဘာစီလိုနာ - အိုဆာဆူနာ (ဒီဇင်ဘာ ၁၄ ရက် နံနက် ၂း၃၀ နာရီ)

ဘာစီလိုနာအသင်း လာလီဂါမှာ နိုင်ပွဲဆက်နေတယ်။ ခြောက်ပွဲဆက် အနိုင်ရထားသလို ရီးယဲလ်အသင်းရဲ့ခြေချော်မှုကြောင့် လေးမှတ်အသာနဲ့ ဦးဆောင်ခွင့်ရထားတယ်။ ဘာစီလိုနာရဲ့ကစားပုံက ချန်ပီယံလိဂ်ထက် လာလီဂါမှာ ပိုအားကောင်းပြီး ဂိုးလည်းမြူးနေတယ်။ အိုဆာဆူနာကတော့ နောက်ဆုံးပွဲမှာ အနိုင်ရထားပေမဲ့ ဘာစီလိုနာကို ယှဉ်နိုင်ဖို့မရှိပါဘူး။ ဘာစီလိုနာအသင်း အနိုင်သေချာပြီး ဂိုးလည်းပြတ်လိမ့်မယ်။

◘ အခြားပွဲစဉ်

မာယော့ကာ - အယ်လ်ချီ*

ဂီတာဖေး - အက်စ်ပန်ညို*

Most Read

Most Recent