◘ ခရစ္စတယ်ပဲလေ့စ် - မန်စီးတီး (ည ၈း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာက မန်စီးတီးအသင်းအတွက် ယုံကြည်မှု မြင့်တက်စေဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။ ရီးယဲလ်အသင်းဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်း ခြောက်နိုင်ခဲ့သလို ခံစစ်ကလည်း တည်ငြိမ်တဲ့စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်။ ပဲလေ့စ်အသင်းက ဒီရာသီမှာလည်း မာကျောမှုကို ဆက်ထိန်းထားနိုင်ပြီး ထိပ်သီးအသင်းတွေရဲ့အထက် အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမဲ့ ဒီပွဲမတိုင်ခင်မှာ ကွန်ဖရင့်လိဂ်ကစားထားရလို့ ပဲလေ့စ်အသင်း ပွဲပန်းနေနိုင်တယ်။ မန်စီးတီးအသင်း (၁-၂) လောက်နဲ့ အနိုင်ရမယ်။
◘ နော်တင်ဟမ် - စပါး (ည ၈း၃၀ နာရီ)
စပါးအသင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ပွဲဆက် နိုင်ပွဲရထားတယ်။ ဒါပေမဲ့ စပါး အသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က အားရစရာသိပ်မရှိဘူး။ ဒီရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ လေးပွဲပဲ အနိုင်ရထားသလို နောက်ဆုံးလေးပွဲမှာ တစ်ပွဲပဲသရေကျပြီး သုံးပွဲရှုံးနိမ့်ထားတယ်။ နော်တင်ဟမ်အသင်းက ဥရောပပြိုင်ပွဲကို အာရုံစိုက်နေတယ်။ ဒီပွဲမတိုင်ခင် ယူရိုပါလိဂ်ပွဲ ကစားခဲ့ရပြီး စပါးအသင်းထက် အနားယူချိန် နှစ်ရက်ပိုနည်းထားတာက ပွဲရလဒ်အပေါ် သက်ရောက်မှုရှိနိုင်တယ်။ သရေပွဲဖြစ်နိုင်ပြီး ဂိုးလည်းနည်းလိမ့်မယ်။
◘ ဝက်စ်ဟမ်း - အက်စတွန်ဗီလာ (ည ၈း၃၀ နာရီ)
ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ် လေးပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ ပွဲကျပ်ကစားခဲ့ရတာကို သတိပြုရမယ်။ အက်စတွန်ဗီလာကတော့ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်။ ဝက်စ်ဟမ်းနဲ့ စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။
◘ အခြားပွဲစဉ်
*ဆန်းဒါးလန်း - နယူးကာဆယ်
ဘရန့်ဖို့ဒ် - လိဒ်စ်*















