ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်လာတဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။
ဆာလာက (၃)ပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရတာကြောင့် လီဗာပူးလ်အသင်းအပေါ် ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့ပြီး တစ်စုံတစ်ယောက်က သူ့ကို အသင်းက ထွက်ခွာသွားဖို့ လိုလားနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးလ်အသင်းတာဝန်ရှိသူတွေက ဆာလာအနေနဲ့ လူသိရှင်ကြားပြန်လည်တောင်းပန်ပေးဖို့ လိုလားနေကြပြီး ဆာလာက လက်မခံခဲ့ရင် လမ်းခွဲဖို့အထိ စီစဉ်နေပြီလို့လည်း သတင်းထွက်နေပါတယ်။
အယ်လ်ဟီလာအသင်းဟာ လွန်ခဲ့တဲ့ (၁၈)လတုန်းက ဆာလာကို ခေါ်ယူဖို့ ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ဆာလာက အသက်အရွယ်ပိုရလာပြီဖြစ်သလို၊ အသင်းနဲ့လည်း ဆက်ဆံရေးအဆင်မပြေတော့တာကြောင့် အရင်ထက် တစ်ဝက်မကနည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဆာလာကို အယ်လ်အစ်တီဟတ်အသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဇန်နဝါရီစျေးကွက်မှာ အပြိုင်ကမ်းလှမ်းဖွယ်ရှိကြောင်း သိရပါတယ်။
ဆာလာကို ကမ်းလှမ်းဖို့ အယ်လ်ဟီလာအသင်း အသင့်ရှိနေ
Most Read
Most Recent
1 hour ago















