ဝုလ်ဗ် - မန်ယူ (ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)
ဝုလ်ဗ်က ပရီးမီးယားလိဂ်ဇယားအောက်ဆုံးမှာ အခုထိ နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပြီး နည်းပြသစ် ရော့ဘ်အက်ဒ်ဝပ်စ်လက်ထက်မှာလည်း ထူးခြားမလာသေးပါဘူး။ ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲဆက်တိုက် ရှုံးနိမ့်ထားသလို၊ အိမ်ကွင်းမှာလည်း (၄)ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဂိုးမသွင်းနိုင်တာလည်း (၅)ပွဲဆက်တိုက်ရှိနေပါပြီ။ ဒါကြောင့် ဒီပွဲနိုင်ရင် အဆင့်(၆)နေရာအထိ တက်လှမ်းခွင့်ရမယ့် မန်ယူအသင်းအတွက် အခွင့်အရေးကောင်းလို့ ဆိုရမှာပါ။ မန်ယူအသင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲပဲ ဆိုပေမဲ့ ဒီလိုပွဲကိုမှ မနိုင်ရင် နည်းပြ အာမိုရင်မ် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားပါလိမ့်မယ်။ မန်ယူ အနိုင်သေချာပါတယ်။
တိုရီနို - အေစီမီလန် (ဒီဇင်ဘာ ၉ ရက် နံနက် ၂း၁၅ နာရီ)
တိုရီနိုက နိုင်ပွဲပျောက်နေတာ (၅)ပွဲရှိသွားပါပြီ။ အေစီမီလန်ကလည်း နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအီတာလီယာပွဲမှာ လာဇီယိုကို ရှုံးနိမ့်ပြီး ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက်သွားခဲ့ပါတယ်။ အေစီမီလန်အသင်းက ဒီပွဲနိုင်ရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရရှိမှာဖြစ်တာကြောင့် အားထည့်ကစားမှာ သေချာပါတယ်။ ဒါပေမဲ့ တိုရီနိုကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံး(၁၂)ပွဲမှာ (၁)ပွဲသာ အနိုင်ရဖူးတဲ့ မှတ်တမ်းဆိုးတော့ ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲလည်း အမှတ်ခွဲယူရလိမ့်ဦးမယ်လို့ ထင်ပါတယ်။
အိုဆာဆူနာ - လီဗန်တေး (ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)
ဒီပွဲကတော့ တန်းဆင်းဇုန်အားပြိုင်မှုလို့ ညွှန်းဆိုရမှာဖြစ်ပြီး အိုဆာဆူနာက အဆင့်(၁၇)နေရာ၊ လီဗန်တေးက အမှတ်ပေးဇယားအောက်ဆုံးမှာ ရောက်နေကြတာပါ။ လာလီဂါမှာ နိုင်ပွဲပျောက်နေတာလည်း ကြာပါပြီ။ အိမ်ကွင်းမှာတော့ အိုဆာဆူနာက ဂိုးသွင်းနိုင်စွမ်း မြင့်တက်လာတတ်တာကြောင့် အိမ်ရှင်ကိုပဲ ရွေးချယ်ချင်ပါတယ်။
အခြားပွဲများ
ပီဆာ - ပါးမား*
အူဒီးနီးစ် - ဂျီနိုအာ*















