◘ ဗီလာရီးယဲလ် - ဂီတာဖေး (စနေနေ့ ည ရး၃၀ နာရီ)
နှစ်သင်းစလုံး ဒီရာသီမှာ ရလဒ်တွေ အတော်ကောင်းနေတယ်။ ဗီလာရီးယဲလ်က ခြေစွမ်းပိုတည်ငြိမ်နေပြီး လာလီဂါခြောက်ပွဲဆက် အနိုင်ရထားတယ်။ ဗီလာရီးယဲလ်ပဲ နိုင်ဖို့များတယ်။
◘ ဘက်တစ် - ဘာစီလိုနာ (စနေနေ့ ည ၁၂းဝ၀ နာရီ)
El Clasico ရှုံးပွဲနောက်ပိုင်း လာလီဂါမှာ ဘာစီလိုနာအသင်း ရလဒ်တွေ ဆက်တိုက်ကောင်းနေတယ်။ ငါးပွဲဆက် အနိုင်ရလဒ်နဲ့အတူ တိုက်စစ်ကလည်း ဂိုးမြူးနေတယ်။ ဘက်တစ်က ဘာစီလိုနာအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက နှစ်ကျော့စလုံး သရေကျခဲ့တယ်။ အခုပွဲလည်း အမှတ်ခွဲယူရဖို့ရှိပြီး နှစ်သင်းပေါင်း သွင်းဂိုးများနိုင်တယ်။
◘ ဘီလ်ဘာအို - အက်သလက်တီကို (ဒီဇင်ဘာလ ၇ ရက် နံနက် ၂း၃၀ နာရီ)
နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အံ့အားသင့်စရာကောင်းတာက ဘီလ်ဘာအို နိုင်ပွဲပိုများနေတာပဲ ဖြစ်တယ်။ ဘီလ်ဘာအိုရဲ့အိမ်ကွင်းက ဒီရာသီမှာ အရင်လောက် မမာကျော့တော့ပေမဲ့ ဒီပွဲတော့ ရှုံးဖို့ မရှိပါဘူး။
◘ အခြားပွဲစဉ်များ
အလာဗတ်စ် - ဆိုစီဒက်*
Photos: Teams' Facebook















