နိုဝင်ဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွေ ထုတ်ပြန်

နိုဝင်ဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွေ ထုတ်ပြန်
Photo: Premier League
Photo: Premier League
Published 5 December 2025

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က နိုဝင်ဘာလအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွေကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ (၈)ဦးပါဝင်ခဲ့ပြီး ဟာဗေးဘန်းစ်(နယူးကာဆယ်)၊ ဒူးစ်ဘူရီဟောလ်(အဲဗာတန်)၊ ဒိုကူ(မန်စီးတီး)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဂစ်ဘ်စ်ဝှိုက်(နော်တင်ဟမ်)၊ ရီးစ်ဂျိမ်းစ်(ချယ်လ်ဆီး)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)နဲ့ သီယာဂို(ဘရန့်ဖို့ဒ်)တို့ဖြစ်ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းမှာတော့ အာတေတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)၊ ဂွါဒီယိုလာ(မန်စီးတီး)၊ ဟူဇလာ(ဘရိုက်တန်)၊ မာရက်စကာ(ချယ်လ်ဆီး)နဲ့ မာကိုဆေးလ်ဗား(ဖူလ်ဟမ်)တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်(၈)ဦးစာရင်းမှာတော့ အာမက်၊ အန်ဒီယေး၊ ဒိုကူ၊ ပီနို၊ ရစ်ချာလီဆန်၊ တိုင်လာအဒမ်စ်၊ ဒူးစ်ဘူရီဟောလ်နဲ့ ဟယ်ရီဝီလ်ဆန်တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းမှာတော့ ဗစ်ကာရီယို၊ မာမာဒက်ရှ်ဗီလီ၊ မာတီနက်ဇ်၊ အာရီအိုလာ၊ ပစ်ဖို့ဒ်တို့ ပါဝင်ခဲ့ပြီး အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်က ဆန်ခါတင်စာရင်းမှာ ကာကွယ်မှုနှစ်ကြိမ် ပါဝင်နေခြင်းဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ ဒီဆုတွေအတွက် အွန်လိုင်းကတစ်ဆင့် မဲပေးမှုကို ဒီဇင်ဘာ(၈)ရက်အထိ ပြုလုပ်သွားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent